CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၉

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ သြဂုတ် ၂၉ ရက် နံနက်ပိုင်းက နေပြည်တော်မှာ တွေ့ ဆုံ ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုသည် နစက၏ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်ခြင်း ခြေလှမ်းဖြစ်ပြီး မေလ ၂၀ ရက်က ပထမအကြိမ် တွေ့ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။

ထို့နောက် နောက်ဆက်တွဲအဖြစ် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ နောက်ရက်များတွင် ဆက်လက် ဆွေးနွေးသွားကြမည်ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၉ ရက်က နစကနဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်တွေ့ဆုံ

RCSS/SSA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထား သည့် ရှမ်းလက်နက်ကိုင် အဖွဲ့ဖြစ်သည်။

သြဂုတ် ၂၂ ရက်မှ ၂၆ ရက်နေ့အထိ NCA ထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) သုံးဖွဲ့မှ ကိုယ်စားလှယ်များ နှင့် နစက တွေ့ဆုံ ဆွေးနွေးထားသည်။