CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့(ဧပြီ ၁၇ ရက်)တွင် ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၇၅ နှစ်တာကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများ ကောင်းကျိုးကို ထူးချွန်ပြောင် မြောက်စွာ တာဝန်ထမ်းထမ်းဆောင်နိုင်မှုများအတွက် နစကဥက္ကဋ္ဌက ဝဏ္ဏကျော်ထင်ဘွဲ့ ဂုဏ်ထူးဆောင်တံဆိပ်ကို ချီးမြှင့် အပ်နှင်းခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူများမှာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ALP မှ ဦးခိုင်စိုးနိုင်အောင်၊ NMSP ဥက္ကဋ္ဌဟောင်း ဦးနိုင်ထောမွန်၊ NMSP ဥက္ကဋ္ဌဟောင်း နိုင်ရွှေကျင်၊ PNLO ၏ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ KNU/KNLA-PC ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ဌေးမောင်(ခ)စောဌေးမောင်၊ KIO(ခွဲထွက်)ဦးလဆန်အောင် ဝါအဖွဲ့မှ ခေါင်းဆောင် ဦးလဆန်အောင်ဝါ၊ KNU ဖဒိုအောင်ဆန်းအဖွဲ့မှ ဖဒိုအောင်ဆန်း၊ KNU တပ်မဟာ(၂) သံတောင် အထူးဒေသအဖွဲ့မှ စောဖယ်ရီမိုး၊ KNU တပ်မတော်(၆) တပ်ရင်း(၁၆)မှ ဦးစောသမူဟဲတို့ ဖြစ်သည်။

ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူများ

ထို့နောက် ကချင်ပြည်နယ်အထူးဒေသ-၁ NDAK ဥက္ကဋ္ဌ ဦးစခုန်တိန့်ယိန်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဥက္ကဋ္ဌ ဦးအောာင်ခမ်းထီ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်(PSLA)ဥက္ကဋ္ဌ ဦးအိုက်မုန်း၊ ကယားပြည်နယ် အထူးဒေသ-၁ (ကယန်းအဖွဲ-(KNG)ခေါင်းဆောင် ဦးကေဘရယ်ပျံ၊ ကယားပြည်နယ်အထူးဒေသ-၂ (ကရင်နီလူမျိုးပေါင်းစုံပြည်သူ့ လွတ် မြောက်ရေးအဖွဲ့-ကလလတ)ခေါင်းဆောင် ဦးစန္ဒာ၊ DKBA ဆရာတော်ဟု နာမည်တွင်သော မြိုင်ကြီးငူဆရာတော် ဦးသုဇန၊ ကရင်တော်လှန်ရေးကောင်စီ ဗဟိုအာဏာပိုင်အဖွဲ့ခေါင်ေးဆာင် စောဟန်တာသာမွေး၊ လားဟူဒီမိုကရက်တစ်အစည်း အရုံး (LDU) ဥက္ကဋ္ဌ ကြာခွန်ဆာ တို့လည်း ဝဏ္ဏကျော်ထင်ဘွဲ့များ ရရှိခဲ့ကြသည်။

ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူများ

အလားတူ ငြိမ်းချမ်းရေးကော်မရှင် လုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ JMC-U ဒုဥက္ကဋ္ဌ ဦးပြည့်စုံ၊ JMC-U အဖွဲ့ဝင် များဖြစ်ကြသည့် ဦးမောင်မောင်ငြိမ်း၊ စိုင်းမျိုးသန့်၊ သိက္ခာတော်ရဆရာတော် စောမက်သယူးအေး၊ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် တည်ဆောင်သူ Dr. Saboi Jum တို့ကိုလည်း ဝဏ္ဏကျော်ထင်ဘွဲ့များ ချီးမြှင့်ခဲ့သည်။