ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ကိုယ်စား သမီးဖြစ်သူ ဝဏ္ဏကျော်ထင်ဘွဲ့ကို လက်ခံရယူ

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃

နစကမှ ပေးအပ်သည့် ဝဏ္ဏကျော်ထင်ဘွဲ့ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင် တက်ရောက် ရယူနိုင်ခြင်းမရှိသည့်အတွက် သမီးဖြစ်သူ နော်ဆာအယ်စေးဖိုးက ကိုယ်စားတက်ရောက်၍ ဂုဏ်ထူးဆောင်ဘွဲ့ကို ဇန်နဝါရီ ၂ ရက်နေ့က နေပြည်တော်မှာ လက်ခံရယူခဲ့သည်။

PNLO ၏ နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ ဂုဏ်ထူးဆောင်ဘွဲ့ လက်ခံရယူနေစဉ်

မနေ့က ကျင်းပခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့ပေးပွဲ အခမ်းအနားတွင် PNLO ၏ နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ KNU/KNLA-PC ဒုဥက္ကဋ္ဌ နော်ကပေါ်ထူးတို့အပါအဝင် တခြားသော လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ တက်ရောက် လက်ခံရယူခဲ့ကြသည်။