CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃

နိုင်ငံအရေးကိစ္စကို လက်နက်နည်းဖြင့် ဖြေရှင်းခြင်းထက် ညှိနှိုင်းအဖြေရှာခြင်းနည်းကသာလျင် ညီနောင်သား ချင်း အားလုံးအတွက် အကျိုးရှိစေမည်ဖြစ်၍ ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်နေကြခြင်းကို ရှောင်ရှားကာ တွေ့ဆုံ ညှိနှိုင်း အဖြေရှာကြစေလိုသည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)မှ စောရွှေမောင်းက ဇန်နဝါရီ ၂ ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်ကို KNU ခေါင်းဆောင် လူကြီးမင်းများ၊ NUG အဖွဲ့ဝင် လူကြီးမင်းများသို့ လိပ်မူထားသည်။

စောရွှေမောင်းက “ မိမိတို့ ဒေသခံ ကရင်ပြည်သူများတို့သည် နှစ်ရှည်လများ စစ်ဒဏ်ခံလာခဲ့ရသော ပြည်သူ များ ဖြစ်သည်။ စစ်ကြောင့် ပြည်သူလူထုများ ဘဝနှိမ့်ကျသထက် နှိမ့်ကျကာ ဆင်းရဲမွဲတေဆုံးသော လူ့အစု စည်းတစ်ခုသို့ ရောက်ရှိနေပြီလည်း ဖြစ်သည်။ လက်ရှိ လူကြီးမင်းများတို့မှ နိုင်ငံ၏အရေးကိစ္စရပ်များကို လက် နက်ဖြင့် ထပ်မံ ဖြေရှင်းလာနေသည်ကို ဝမ်းနည်းဖွယ်ရာတွေ့မြင်နေရပြန်ပြီဖြစ်သည်။ ဤသို့သော ရှေ့ဆက် ဆောင်ရွက်ကြမည်ဆိုပါက မိမိတို့၏ နေထိုင်ရာအမိနိုင်ငံသည် စစ်တလင်းပြင် ထပ်မံဖြစ်ပြီး ပြာပုံဘဝသို့သာ ဆိုက်ရောက်မည်ဖြစ်သည်”ဟု ပြောထားသည်။
လက်ရှိတွင် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့ ၌ တပ်မတော်နှင့် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့(LDF)၊ KNU လက်အောက်ခံ KNLA ၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ဖြင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။

စောရွှေမောင်း၏ ထုတ်ပြန်ချက်စာကိုတွေ့ရစဉ်

အဆိုပါ တိုက်ပွဲများအတွင်း နေအိမ်နှင့်အဆောက်အဦးပေါင်း သောင်းချီ မီးလောင်ခဲ့ရသလို ဒေသခံ သိန်းချီ လူဦးရေသည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

သို့ဖြစ်ပါ၍ လူကြီးမင်းတို့ တောင်းဆိုကြွေးကြော်သည့် နိုင်ငံကောင်းကျိုး၊ ပြည်သူလူထုကောင်းကျိုး၊ ဖွံ့ဖြိုးတိုး တက်သော ငြိမ်းချမ်းသာယာဝပြောသော နိုင်ငံ၊ ပြည်သူလူထုဘဝကို မြင့်တင်ဆောင်ရွက်ရန်ဟူသည့် စကားရပ် ကို အမှတ်ရစေလိုပါကြောင်း၊ မိမိတို့၏ ဆောင်ရွက်ချက်ကြောင့် အမိနိုင်ငံ၊ မိဘပြည်သူဘဝ ပိုမိုပြီး ဆင်းရဲတွင်း သို့ နက်သထက် နက်ရှိုင်းသွားမည့်အရေးကို ဆင်ခြင်စေလိုကြောင်း စောရွှေမောင်း၏ ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

၎င်းက “ယခင်ကြုံတွေ့ခဲ့ရသော ပြည်တွင်းစစ်၏ ဒဏ်ရာဒဏ်ချက်များသည်လည်း ကျွနှ်ပ်တို့ ညီနောင်သားချင်း အားလုံးအတွက် သင်ခန်းစာ ရယူသင့်ပြီလည်း ဖြစ်သည်။ နိုင်ငံအရေးကိစ္စကို လက်နက်နည်းဖြင့် ဖြေရှင်းခြင်း ထက် ညှိနှိုင်းအဖြေရှာခြင်းနည်းကသာလျှင် ညီနောင်သားချင်းအားလုံးအတွက် အကျိုးရှိစေမည်ဖြစ်၍ ပစ်ခတ် တိုက်ခိုက်သတ်ဖြတ်နေကြခြင်းကို ရှောင်ရှားကာ တွေ့ဆုံ ညှိနှိုင်း အဖြေရှာကြစေလိုသည်” ဟု ပြောသည်။

ထို့နောက် ကရင့်တစ်မျိုးသားလုံးမှလည်း ငြိမ်းချမ်းစွာနေလိုကြကြောင်း၊ ပဋိပက္ခကိုမလား၊ စည်းလုံးညီညွတ်စွာ နေလိုကြောင်း၊ ပြည်တွင်းစစ်ကိုမလိုလား၊ ဆန့်ကျင်သည်ဖြစ်၍ မိမိတို့အမျိုးသားထု၏ ဆန္ဒလိုလားချက်များကို ဖြည့်ဆည်း ဆောင်ရွက်ကြစေလိုကြောင်း တောင်းဆိုပါသည်ဟု ၎င်းက ပြောသည်။

စောရွှေမောင်းသည် ကရင်အမျိုးသားအစည်းရုံး(KNU)၏ တပ်မဟာ(၆) ဒူပလာယာခရိုင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ခဲ့သူ ဖြစ်သည်။

ထို့နောက် စောရွှေမောင်းသည် ဇန်နဝါရီလ ၂၇ ရက်က ကျင်းပခဲ့သည့် ဒူပလာယာခရိုင်၏ အရေးပေါ် အစည်း အဝေးတွင် တာဝန်မှ အနားယူမည်ဖြစ်ကြောင်း တင်ပြ အသိပေးခဲ့သည်။