CNI International News
ဘဲဂရိတ်၊ မတ်လ ၉
ယူကရိန်းသို့ ရုရှားထိုးစစ်ဆင်ခြင်းအား ကုလသမဂ္ဂအတွင်း ရှုတ်ချသည့်ဆုံးဖြတ်ချက်အပေါ် ဆားဘီးယား အာဏာ ပိုင်များကို အတင်းအကျပ် ထောက်ခံစေခဲ့ကြောင်း၊ အကယ်၍ မထောက်ခံလျှင် ကိုဆိုဗိုနှင့် မီတိုဟီဂျာ နယ်မြေ များ စိုးမိုးရေးကို အခိုင်အမာရပ်တည်ပေးဖို့ မဖြစ်နိုင်တော့ကြောင်း ဆားဘီးယားသမ္မတ အလက်ဇန္ဒားဘူချိက ပြောကြားခဲ့သည်။
မတ်လ ၂ ရက်၌ နိုင်ငံသားများကို မိန့်ခွန်းပြောကြားရာတွင် ယူကရိန်းနိုင်ငံအတွင်း ရုရှားလုပ်ရပ်များကို ရှုတ်ချ သည့် ဆုံးဖြတ်ချက် ၁၃ ချက်အနက် ၄ ချက်ကို ဆားဘီးယားအာဏာပိုင်များအနေဖြင့် ထောက်ခံခဲ့ကြောင်း၊ ထိုအထဲတွင် ဒဏ်ခတ်ပိတ်ဆို့မှုများ မပါဝင်ကြောင်း ဘူချိက ထည့်သွင်းပြောကြားခဲ့သည်။
မိမိတို့ပြည်တွင်းရှိ ရုရှားကုမ္ပဏီများ၏ပိုင်ဆိုင်မှုများကို ဖယ်ထုတ်ရန် အစီအစဉ်မရှိကြောင်း၊ သို့သော် ယူကရိန်း တွင် စစ်မက်ဖြစ်ပွားမှုအကျပ်အတည်းသည် ဆားဘီးယားနိုင်ငံအပေါ်သို့ နိုင်ငံခြားရေးမူဝါဒအရ ကြီးမားသော ဖိအားသက်ရောက်မှုရှိကြောင်း သတိပြုမိခဲ့သည်ဟု ဘူချိက ထပ်လောင်းပြောကြားခဲ့သည်။
“နိုင်ငံအသီးသီးရဲ့ ပိုင်နက်နယ်မြေနဲ့ ဂုဏ်သိက္ခာကို လေးစားလိုက်နာဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ ဒါက ကျနော်တို့ရဲ့ရပ်တည်ချက်ပါ။ အဲဒီအပေါ်မှာ ကျနော်တို့က ဆားဘီးယားအစိတ်အပိုင်းတွေအနေနဲ့ ကိုဆိုဗိုနဲ့ မီတိုဟီဂျာတို့ကို ထိန်းသိမ်းစောင့်ရှောက်ရေးကို အခြေခံပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ကိုဆိုဗိုသမ္မတကို တွေ့ရစဉ်(GETTY IMAGES)
“ယူကရိန်းကျူးကျော်မှုကို ကျနော်တို့ မရှုတ်ချခဲ့ဘူးဆိုရင် ကျနော်တို့ ဒီ အငြင်းပွားမှုတင်ပြဖို့ အခွင့်အရေး ဘယ်တော့မှ ရတော့မှာမဟုတ်ပါဘူး” ဟု ဘူချိက B92 ရုပ်သံလိုင်းမှ ပြောကြားခဲ့သည်။
ကိုဆိုဗိုပြည်နယ်ကို နိုင်ငံတစ်နိုင်ငံသတ်မှတ်ရေးကို ဘဲဂရိတ်အစိုးရက ဘယ်တော့မှ လက်ခံမည် မဟုတ်သော် လည်း ၎င်းပြည်နယ်ကို နိုင်ငံအဖြစ် အတော်များများက မြင်ချင်နေကြကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရုရှားကို ထောက်ခံသည့် လူထုစုဝေးပွဲတစ်ခုကို ဘဲဂရိတ်မြို့တွင် ကျင်းပခဲ့သည်။ မြို့တော်၏ ပင်မရင်ပြင်သို့ လူ ၅ သောင်းခန့် လာရောက်စုဝေးခဲ့ကြကြောင်း ပွဲစီစဉ်သူများ၏အဆိုအရ သိရသည်။
တပြိုင်နက်တည်းဆိုသလို ကိုဆိုဗိုသမ္မတနိုင်ငံ ဝန်ကြီးချုပ် အယ်လ်ဘင်ကာတီက “မိမိနိုင်ငံသည် နေတိုးနှင့် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်အဖြစ် လျှောက်ထားကြောင်း ယခင်သီတင်းပတ်က ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ ကိုဆိုဗို အနေဖြင့် EU ထဲ ဝင်ရောက်လိုက်ခြင်းသည် မော်စကို၏ရပ်တည်ချက် ထောက်ခံအားပေးသူများကို အနောက် နိုင်ငံများက ပိုမိုထိရောက်စွာ ဆန့်ကျင်လိုက်ခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။
Source: Sputnik News