CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၄

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ဝင် ဦးမင်းကိုနိုင်၊ နွေဦးတော်လှန်ရေး ကူညီပံ့ပိုးပေးနေသူ အိပန်ဆယ်လို နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ဝန်ကြီးဦးရည်မွန် အပါအဝင် ၁၁ ဦးကို နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း နစက-က ယနေ့(မတ်လ ၄ ရက်)ထုတ်ပြန် ကြေညာသွားခဲ့သည်။

နစက၏ ထုတ်ပြန်ကြေညာချက်တွင် ဦးဇော်ဝေစိုး(ဘ) ဦးမောင်လေး၊ ဦးရည်မွန်(ခ)ဦးတင်သစ်(ဘ) ဦးကျော်ဆွေ၊ ဦးလွင်ကိုလတ်(ဘ)ဦးလှဝင်း၊ ဒေါ်ဇင်မာအောင်(ဘ)ဦးအောင်ကြည်၊ ဦးထင်လင်းအောင်(ဘ) ဦးသိန်းအောင်၊ ဦးအောင်မျိုး မင်း(ဘ)ဦးမင်းအောင်၊ မအိသဉ္ဇာမောင်(ဘ)ဦးတိုးတိုးမောင်၊ ဒေါက်တာဆာဆာ(ဘ) ဦးအဲန်ပီ(ခ)အေဘီ၊ ဦးမင်းကိုနိုင်(ခ) ဦးပေါ်ဦးထွန်း(ဘ) ဦးသက်ညွှန့်၊ ဦးမျိုးရန်နောင်သိမ်း(ဘ)ဦမြသိန်း၊ မအိပန်ဆယ်လို(ခ)အိမ့်ပိုးဥ(ဘ)ဦးကျော်နိုင် စသည့် ပုဂ္ဂိုလ်များကို နိုင်ငံသားအဖြစ်မှရပ်စဲကြောင်း ဖော်ပြထားသည်။