CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၅

တရားမဝင် အတုအယောင်ရွေးကောက်ပွဲနှင့် အတုအယောင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အတူတကွ ရပ်တည် ဆန့်ကျင်ကြရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့ ပူးတွဲ၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၅ ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်ကို တရားမဝင်အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက နေ တော်လှန်ရေးအင်အားစုများသို့ မေတ္တာရပ်ခံ ပန်ကြားချက်ဟုဆိုကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် တိုင်းရင်းသားဒေသများ အပါအဝင် တော်လှန်ရေးဒေသ အသီးသီး၏ နယ်မြေများတွင် နစက (မူရင်း-စစ်အုပ်စု)၏ ရွေးကောက်ပွဲများ လာရောက်စီစဉ် ကျင်းပခြင်း မပြုနိုင်ရေးအတွက် ဒေသခံ ပြည်သူများနှင့်အတူ ပူးပေါင်းဆန့်ကျင် တိုက်ဖျက်ကြရန် တိုက်တွန်းထားသည်။

နစက,ကတော့ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး အပြင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပူးပေါင်းပါဝင်ကြရန် PDF များနှင့် လက်နက်ကိုင်အဖွဲ့များကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ ရက်က ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။

ပြည်သူလူထုသည် ရွေးချယ်စရာများ မရှိတော့ဘဲ ဖြစ်နေကြောင်း၊ လူထုအတွက် ထွက်ပေါက် တစ်ခုဖွင့်ပေးရန် နှစ်ဖက်စလုံးမှ လိုအပ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများအတွင်း မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအနိုင်ရရှိသည့် နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာလွှဲပြောင်း‌ပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြား ထားသည်။