CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂

လက်ရှိ နိုင်ငံရေး အထွေထွေအကျပ်အတည်း ဖြေရှင်းနိုင်ရေးကို အာလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်းမှ တဆင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို မိမိတို့ PPST အနေနှင့် တ တ်နိုင်သည့်နည်းလမ်းများဖြင့် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သလို နိုင်ငံရေးဆွေးနွေးပွဲ ပုံစံအသစ်ကို ဆွေးနွေးညှိနှိုင်း ချမှတ်သွားမည်ဟု နိုင်အောင်မင်းက ပြောသည်။

NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၁၀) ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ထည့်သွင်း ပြောကြားခဲ့ သည်။

၎င်းက “တိုက်ပွဲများကြောင့် အတိဒုက္ခအမျိုးမျိုးကြုံတွေ့နေရတဲ့ ပြည်သူလူထု စစ်ဘေးရှောင်များအတွက် ထိထိရောက် ရောက် ဆက်လက် အကူအညီပေးနိုင်ရေးကိုလည်း ဆွေးနွေးပြီး သဘောထားချမှတ်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံရေး အထွေ ထွေအကျပ်အတည်း ဖြေရှင်းနိုင်ရေးကို အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းမှတဆင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို မိမိတို့ PPST အနေနဲ့တတ်နိုင်တဲ့နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ နိုင်ငံရေးဆွေးနွေးပွဲ ပုံစံအသစ်ကို ဆွေးနွေးညှိနှိုင်း ချမှတ်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ယနေ့ ကျင်းပသည့် PPST အစည်းအဝေးကို ၂ ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး လက်ရှိနိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး အပါအဝင် တခြားအရေးကြီးသည့် ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း၍ သဘောထားချမှတ်သွားမည်ဟု သိရသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ  ၂၂ ရက်က PPST အစည်းအဝေး ကျင်းပနေစဉ်

နိုင်အောင်မင်း “(၇၅) နှစ်ပြည့် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား အခင်းအကျင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးအကြို ညှိနှိုင်းဆွေးနွေးပွဲ ဖိတ်ကြားခြင်းကိစ္စ၊ NUCC ဦးဆောင်ကျင်းပခဲ့တဲ့ ပြည်သူ့ညီလာခံ အခြေအနေ၊ မကြာမီ ပြည်တွင်းသို့ လာရောက်မည့် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အနေအထားတို့ကို ဆွေးနွေးသွားဖို့ စီစဉ်ထားပြီး တိကျတဲ့ ရှေ့ လုပ်ငန်းစဉ်များကို ချမှတ်သွားမှာဖြစ်ပါတယ်”ဟု ပြောသည်။

ထို့နောက် လာမည့် မတ်လ နှောင်းပိုင်းမှာ ကျင်းပရန် ရည်ရွယ်ထားသည့် NCA-S EAO တို့၏ စတုတ္ထညီလာခံ(ဒုတိယပိုင်း) ကျင်းပနိုင်ရေး ဆွေးနွေးကြမည်ဟုလည်း သိရသည်။

PPST ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့ဖြင့် ဖွဲ့စည်းထားသည်။