CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
အဆိုတော် ချမ်းချမ်း၏ နေအိမ်နှင့် အစီအစဉ်တင်ဆက်သူ ကိုမောင်မောင်အေး၏ တိုက်ခန်းတို့ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ နိုင်ငံတော်ပိုင် သိမ်းဆည်းကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖေဖော်ဝါရီ ၁၉ ရက်က ချိတ်ပိတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ချိတ်ပိတ်ခဲ့သော နေအိမ်နှင့် တိုက်ခန်းတို့မှာ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ အဆိုတော် ချမ်းချမ်း၏ နေအိမ်နှင့် တာမွေမြို့နယ်ရှိ ကိုမောင်မောင်အေး၏ တိုက်ခန်းတစ်ခုတို့ဖြစ်ကြောင်း သိရသည်။
အဆိုတော်ချမ်းချမ်းနှင့် ကိုမောင်မောင်အေးတို့သည် နွေဦးတော်လှန်ရေးမှာ တက်ကြွစွာ ပါဝင်လျက်ရှိပြီး ဒီမိုကရေစီအရေး ကြိုးပမ်းဆောင်ရွက်နေသူများ ဖြစ်ကြသည်။
နေအိမ်များ ချိတ်ပိတ်ခံရကြောင်း သတင်းများနှင့်ပတ်သက်ပြီး ကာယကံရှင်များကတော့ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမရှိသေးပေ။