CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဦးဆောင်ရမည်ဟု ကချင်လွတ် လပ်ရေးတပ်မတော်(KIA)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂမ်ရှောင်က ပြောသည်။
ယနေ့(ဖေဖော်ဝါရီ ၁၂ ရက်)ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားကို NUG က အွန်လိုင်းကနေ ကျင်းပခဲ့ရာ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂမ်ရှောင်က တက်ရောက် မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်း ပြောခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပင်လုံစာချုပ်နှင့်ပတ်သက်ပြီး သဘောထား ထုတ်ဖော် ပြောကြားခဲ့ခြင်းကိုတော့ ဝမ်းနည်းမိကြောင်း၊ သို့သော်လည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ဖို့အတွက် NUG က ဦးဆောင်ရ မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက “၂၁ ရာစုပင်လုံအစည်းအဝေး တက်ရောက်ခဲ့သလို အဆိုပါ အစည်းအဝေးမှာ UNFC အနေဖြင့် ပင်လုံကတိကဝတ်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ထောင်ဖို့ တိုက်တွန်းတောင်းဆိုခဲ့ တယ်။ (ဒီလိုတောင်းဆိုပေမယ့်) ပင်လုံစာချုပ်ဟာ ပြည့်စုံမှုမရှိဘဲ အားလုံးပါဝင်မှု မရှိတဲ့အပြင် အနှစ်သာရ မပြည့်စုံလို့ အသုံးမဝင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး တိုင်းရင်းသားများ ကိုယ်ဘာတောင်းရမလဲ ဆိုတာထက် ကိုယ်ဘာပေးနိုင်မလဲဆိုတာ စဉ်းစားပါလို့ အာဏာရှင်ဆန်ဆန် ချိုးနှိမ်ပြောဆိုတာကို ခံခဲ့ရတယ်”ဟု KIO/KIA ၏ ၆၁ နှစ်မြောက် တော်လှန်ရေးနေ့မှာ ပြောကြားခဲ့သည်။
လက်ရှိတွင် KIO/KIA သည် NUG နှင့်မဟာမိတ်ပြုကာ ဒီမိုကရေစီအရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိနေသော ကချင် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။