CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၄

ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းမှစ၍ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံသားများသည် ဆူပူဆန္ဒပြခြင်း၊ ဆန့်ကျင်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သောကြောင့် အမှုဖွင့်ခံထား ရသူများကို အမှုရုတ်သိမ်းပေးမည် ဖြစ်ကြောင်း နကစက ကြေညာထားသည်။

အဆိုပါ ဆန္ဒပြမှုအပါအဝင် ဆန့်ကျင့်လှုပ်ရှားမှုများကြောင့် အမှုဖွင့် ထားသူများကို ဥပဒေနှင့်အညီ အမှုပိတ်သိမ်း ပေးသွားမည်ဖြစ်ပြီး နီးစပ်ရာရဲစခန်း မြိုနယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီရုံးများသို့ ယုံကြည်စိတ်ချစွာ ဆက်သွယ် သတင်းပေးပို့ကြရန် ကြေညာချက်တွင် ဖော်ပြထားသည်။

 

သို့သော် ယခုကာလအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ အစိုးရပိုင်အဆောက်အဦးများနှင့် ပုဂ္ဂလိကပိုင်အဆောက်အဦးများအား ဖျက်ဆီးမှု၊ CDM လှုပ်ရှားမှုတွင် ငွေရေးကြေးရေးအရဖြစ်စေ၊ နည်းလမ်းအရ ဖြစ်စေနက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်သူ များမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဝန်ထမ်းများ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ၊နိုင်ငံသားများအနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်မည်ဆိုပါက ၎င်းတို့အပေါ်ရေးဖွင့်ထားသည့်အမှုများအား ဥပဒေနှင့်အညီ ပိတ်သိမ်း၊ ရုပ်သိမ်းခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။