CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၇

အာဏာရှင်စနစ် အပြီးတိုင် ဖျက်သိမ်းရေး ကြိုးပမ်းဆောင်ရွက်ရန် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် (၁၀)ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ဦးဆောင်အဖွဲ့ (PPST)က (၇၅) နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့အတွက် ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်း ဖော် ပြထားသည်။

ဤ (၇၅)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခါသမယအချိန်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီရေး ဆောင်ရွက်ရန် စိန်ခေါ်မှုများ ပြည့်လျှမ်းနေသည့် ကာလအတွင်း ရောက်ရှိနေသည်မှာ အရှိတရားတစ်ရပ် ဖြစ်နေသည်ဟု PPST ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

PPST က “ညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အပါအဝင် တတိုင်းပြည်လုံးရှိ တိုင်းရင်းသား ပြည်သူလူထု အလွှာအသီးသီးတို့က စုစည်းညီညွတ်မှုဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံရှိ မည်သည့် အာဏာရှင်စနစ်ကိုဖြစ်စေ အပြီးတိုင် ဖျက် သိမ်းပြီး တိုင်းရင်းသားတို့၏ မူလရပိုင်ခွင့်ဖြစ်သော အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက် အပြည့်အဝရှိ သည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ကြရေးအတွက် ကြိုးပမ်းဆောင်ရွက်ပါစို့”ဟု ပြော သည်။

ဖေဖော်ဝါရီ ၇ ရက်တွင် ကျရောက်သည့် ရှမ်းပြည်အမျိုးသားနေ့သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရယူခဲ့သည့် ပင်လုံညီလာခံ ကျင်းပသည့်ကာလက စတင်သတ်မှတ် ကျင်းပခဲ့ခြင်း ဖြစ်သည်။

PPST ၏ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

အဆိုပါ ပင်လုံညီလာခံတွင် ရှမ်းအမျိုးသားသီချင်းနှင့် ရှမ်းအမျိုးသား အလံတို့ကို အသိအမှတ်ပြုပေးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၇ ရက်နေ့ကို ရှမ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် အစိုးရက ရှမ်းပြည်နယ်နေ့ဟု ခေါ်ဝေါ်သုံးစွဲ သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရက မဲစာရင်းအငြင်းပွား မှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းကြိုးပမ်းသည်ဟုဆိုကာ တပ်မတော်ကဖြုတ်ချခဲ့ပြီး နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာထားသည်။

ထို့နောက် ဒီမိုကရေစီအင်အားစုများသည် ဆန္ဒပြကန့်ကွက်ခဲ့ကြပြီးနောက် လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ဖြင့် ပြန်လည်ဖြုတ်ချရေး ကြိုးပမ်းလျက်ရှိနေသည်။

တစ်ဖက်မှာတော့ နစက-က ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားနှင့်အတူ ထာဝရ ငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တက်ရောက်ရန် ဖိတ်ခေါ် ကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

PPST ကို တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတတူစာချုပ်(NCA)ထိုးထားသည့် လက်နက်ကိုင်များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ် တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဖြစ် ဖွဲ့စည်းထားသည်။