CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၉

မန္တလေးတိုင်းဒေသကြီး၊မြိုင်မြို့နယ်၊လင်းကတောရဲစခန်းကို မြိုင်မြို့နယ်ဒေသကာကွယ်ရေးတပ်ဖွဲ့(PDF)က ယနေ့(ဇန်နဝါရီ ၂၉ ရက်) နေ့လယ်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ များက ထုတ်ပြန်ထားသည်။

အဆိုပါ ရဲစခန်းအား ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဆားလင်းကြီး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း၍ ၁ နာရီကြာ တိုက်ခိုက်၍ သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပြီး စခန်းအား မီးရှို့ခဲ့သည်ဟု ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို့နောက် ရဲစခန်း တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် G-3 (၅)လက်နှင့် ကျည် ၄၀၀၊ အူစီ ၃ လက်နှင့် ကျည် ၂၀၀၊ ခြောက်လုံးဗြူး ၁ လက်၊ ဗုံးသီး ၇ လုံး၊ လက်တော့ပ် ၂ လုံး၊ ပရင်တာ ၁ လုံး၊ ဆိုင်ကယ် ၄ စီး အပါအဝင် တခြား သော စစ်ဘက်အသုံး အဆောင် များကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။