CNI International News

နျူ-ဆူလ်တန်၊ ဇန်နဝါရီ ၁၄

လုံခြုံရေးဆိုင်ရာပေါင်းစည်းရေးစစ်စာချုပ်အဖွဲ့(CSTO)၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုမစ်ရှင်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကာဇက်စတန်နိုင်ငံတွင် ပထမဆုံးတပ်ဖြန့်ခဲ့သော ရုရှားတပ်ဖွဲ့များသည် ယခုသီတင်း ပတ်၌ မော်စကိုမြို့အပြင်ဘက်ရှိ စစ်ဘက်ဆိုင်ရာ လေယာဉ်ကွင်းထဲသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း rt.com ဝက်ဘ်ဆိုက်တွင် သတင်းဖော်ပြထားသည်။

၎င်းတို့ကို တင်ဆောင်လာသော စစ်သုံးလေယာဉ် ၄ စင်းသည် ဇန်နဝါရီ ၁၃ ရက် နှောင်းပိုင်းက မော်စကိုမြို့အနီးရှိ မြောက်ပိုင်း အိုင်ဗန်နိုဗိုလေတပ်စခန်းအတွင်းရှိ ကွင်းထဲသို့ ဆင်းသက်လာခဲ့သည်။

“CSTO ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ပထမဆုံး ရုရှားလေတပ် တပ်ဖွဲ့ဝင်များသည် ကာဇက်စတန်တွင် လူမှုရေးအရ အကာ အကွယ်ပေးရမည့် အရေးကြီးသော ကဏ္ဍများအတွက် တာဝန်ထမ်းဆောင်ပြီးနောက် အယ်လ်မာတီမြို့မှ II-76MD လေယာဉ် ၄ စင်းဖြင့် ၎င်းတို့ အမြဲတမ်းတပ်စွဲရာ အခြေစိုက် လေတပ်စခန်းသို့ ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း” ရုရှားစစ်တပ်၏ ထုတ်ပြန်ချက် တစ်စောင်တွင် ရေးသားထားသည်။

လေယာဉ်များ ဆင်းသက်ပြီးနောက် တပ်သားများ ၎င်းတို့သက်ဆိုင်ရာ အခြေစိုက်စခန်းများသို့ ဆက်လက် မထွက်ခွာမီ အခမ်းအနားဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

ကာဇက်စတန်သမ္မတ ကာဆင်ရှာမတ်တိုကာယာ့ဗ်က အဖွဲ့ဝင် ၆ နိုင်ငံပါသည့် CSTO အဖွဲ့သို့ အကူအညီ တောင်းခံပြီးနောက် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုမစ်ရှင်ကို ရုရှားဦးဆောင်ပြီး ယခင်သီတင်းပတ်က စတင်ခဲ့သည်။

နှစ်သစ်အစတွင် လောင်စာဆီဈေးနှုန်း သိသိသာသာ တက်လာခဲ့သဖြင့် ကာဇက်စတန်နိုင်ငံတွင် မငြိမ်မသက်မှုများ ဖြစ်ပွားခဲ့ သည်။

CSTO အဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များကိုတွေ့ရစဉ်။(GETTY IMAGES)

အစောပိုင်းက လောင်စာဆီဈေးကြောင့် ငြိမ်းချမ်းစွာဆန္ဒပြမှုများသည် နောက်ပိုင်း၌ အကြမ်းဖက်မှုများ ရောယှက်လာခဲ့ သဖြင့် အစိုးရ အဆောက်အအုံများ တိုက်ခိုက်မှုများအပြင် လုယက်မှုနှင့်ရုန်းရင်းဆန်ခတ်မှုများပါ ကာဇက်စတန်တွင် ဆက် တိုက် ရင်ဆိုင်ခဲ့ရသည်။

ကာဇက်စတန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အယ်လ်မာတီသည် ရုန်းရင်းဆန်ခတ်ဖြစ်မှုများကို အပြင်းထန်ဆုံး ခံခဲ့ရသည်။

CSTO စစ်စာချုပ်အဖွဲ့တွင် အာမေးနီးယား၊ ဘီလာရုစ်၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ ရုရှားနှင့် တာဂျစ်ကစ္စတန် စသည့် နိုင်ငံ များ ပါဝင်ကြသည်။

ကာဇက်စတန်နိုင်ငံရှိ အရေးကြီးသော အဆောက်အအုံများကို စောင့်ကြပ်ရန်အတွက် ရုရှားတပ်ဖွဲ့ဝင် ထောင်နှင့်ချီ၍ စေ လွှတ် တာဝန်ပေးခဲ့သည်။ ထို့နောက် ဇန်နဝါရီ ၁၃ ရက်တွင် တပ်များ ပြန်လည်ရုပ်သိမ်းနိုင်ခဲ့ပြီး စစ်ဆင်ရေး အောင်မြင် ကြောင်း ကြေညာခဲ့သည်။

လတ်တလော ကာဇက်စတန်နိုင်ငံ၏ မြေပေါ်တွင် ကျန်ရှိခဲ့သည့် CSTO တပ်ဖွဲ့ဝင်များ လာမည့်ရက်သတ္တနှစ်ပတ်အတွင်း ပြန်လည် ထွက်ခွာမည်ဟု မျှော်လင့်ရသည်။

Source: rt.com