CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၂၄

အမျိုးသားသားညီညွှတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ နာဂဒေသ ပကဖ အထူး တိုက်ခိုက်ရေးတပ်ဖွဲ့က အပတ်စဉ်(၁) အခြေခံ စစ်ပညာသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း  NPDO က ထုတ်ပြန်ခဲ့ သည်။

အဆိုပါ သင်တန်းသည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ နာဂဒေသအတွင်းမှာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်က စတင်ခဲ့ကြောင်း သိရသည်။

နာဂ‌ဒေသ ပကဖ အခြေခံစစ်သင်တန်းဖွင့်လှစ်နေစဉ် (ဓာတ်ပုံ- NPDO Page)

ထို့နောက် သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို နာဂဒေသ ပကဖ ယာယီတာဝန်ခံ ရဲဘော် Lion ၊ နာဂဒေသ ပကဖ လေ့ကျင့်ရေး တာဝန်ခံ ရဲဘော်ကျားကြီး၊ ဒေသ ပကဖ အထူးတိုက်ခိုက်ရေးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့သည်ဟု NPDO က ထုတ်ပြန်ခဲ့သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းမှာ နာဂနှင့် ကသည်း လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၈ ဖွဲ့ထက် မနည်း အခြေချ လှုပ်ရှားလျက်ရှိသည်။