CNI News
၂၀၂၆ ခုနှစ်၊ မတ် ၂၆
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ တပ်ခေါင်းဆောင်များအနေဖြင့် ညှိနှိုင်းရန် ပြင် ဆင်ကမ်းလှမ်းခဲ့သော်လည်း ကိုးကန့်တပ်ဖွဲ့ (MNDAA) ဘက်မှ အတွေ့မခံကြောင်း တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO) ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ CNI သတင်းဌာနသို့ ပြောသည်။
သက်ဆိုင်ရာ တပ်ဖွဲ့များမှ ခေါင်းဆောင်အချင်းချင်း ယခုအချိန်တွင် စကားပြောဆိုကြမှသာ အဖြေတစ်ခု ထွက်လာမည်ဟု ထင်ကြောင်း ၎င်းက ပြောသည်။
၎င်းက “ဟိုဟာတော့ ညှိနှိုင်းဖို့ကြိုးစားနေကြတယ်လို့တော့ပြောတယ်။ TNLA ဘက်ကပေါ့နော်။ TNLA ဘက်က ခေါင်းဆောင်တွေကတော့ ဟိုဘက်က တပ်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဖို့အတွက်ပြင်ဆင်ကမ်းလှမ်းခဲ့တယ်။ သို့ သော်လည်း ဟိုဘက်က တပ်ခေါင်းဆောင်တွေက အတွေ့မခံဘူး။ ညှိနှိုင်းဖို့အတွက် သူတို့ဘက်က သဘောမတူတဲ့ အနေအထားမျိုးမှာဆိုရင်တော့ လမ်းကြောင်းတွေဘယ်လိုမှ ဟိုဟာ ရှာလို့မရတဲ့အနေအထားမျိုးတွေမှာတော့ တွေ့ရတယ်ပေါ့နော်။ တကယ်လို့ခေါင်းဆောင်တွေချင်းက အခုချိန်မှာစကားပြောမယ်ဆိုရင်တော့ အဖြေတစ်ခု တော့ ထွက်လာလိမ့်မယ်လို့တော့ ထင်ပါတယ်။ အခုလောလောဆယ် ကွတ်ခိုင်ဘက်မှာကြတော့ ပိတ်မိနေကြ တယ် လူထုတွေက၊ ထွက်လို့မရသေးဘူး။ အဲဒီမှာဆိုလည်း အစာရေစာတွေက ဝင်ဖို့လမ်းကြောင်းလည်းခက်ခဲသ လို ထွက်ဖို့လမ်းကြောင်းကလည်း အရမ်းကိုခက်ခဲတယ်ပေါ့နော်။ ဒီအစားအသောက်တွေ၊ ရိက္ခာတွေပံ့ပိုးကူညီဖို့ တောင် လမ်းကြောင်းတွေက ရှောင်မရတဲ့အနေအထားမျိုးတွေဖြစ်နေတယ်။ တိုက်ပွဲက မပြီးသေးတော့ ကွတ်ခိုင် မြို့မှာကလည်း လမ်းကြောင်းတွေအသီးသီးပိတ်နေတယ်။ ဘယ်သူမှလည်းမသွားရဲဘူး။ ကားဆရာတွေလည်း မသွားရဲဘူး အဲဒီလိုမျိုးပေါ့။ လူထုတွေလည်း မသွားရဲဘူးပေါ့နော်။ ဒရုန်းသံတွေရော၊ လက်နက်ကြီးသံတွေ ရော ဝဲနေတဲ့အနေအထားမျိုးမှာဆိုရင်တော့ ဒီလက်နက်ကြီး၊ လက်နက်ငယ်တွေကအစပေါ့နော် မိုးတွေအပေါ်မှာ ပျံတဲ့အခါမျိုးမှာဆိုရင်တော့ စိုးရိမ်ကြောင့်ကျနေတဲ့အနေအထားမျိုးမှာ ဖြစ်ကြတယ်ပေါ့နော်။ အဲဒါကြောင့်မြို့ထဲ မှာပဲ ပိတ်မိကြပြီးတော့ မထွက်လာနိုင်တဲ့အနေအထားမျိုးတွေတော့ရှိတယ်။ လူငယ်ထိခိုက်မှုတွေ၊ လူထိခိုက်မှု တွေလည်း ရှိပါတယ်” ဟု ပြောသည်။

MNDAA ခေါင်းဆောင်ပိုင်းများကိုတွေ့ရစဉ်
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ပေါ်မှာ MNDAA တပ်က CCTV စောင့်ကြည့် ကင်မရာများတပ်ဆင်သည်ကို TNLA တပ်ဖွဲ့ဝင်များ ကတားဆီးပိတ်ပင်ခြင်းမှစတင်ကာ အောက်ခြေတပ်ဖွဲ့ တွေကြား အခြေအနေတင်းမာလာခြင်းဖြစ်သည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၁၃ ရက်မှာ ကွတ်ခိုင်မြို့နယ်ထဲက MNDAA အဖွဲ့၏အုပ်ချုပ်ရေး ဌာန များကို TNLA တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းရိုက်နှက်သဖြင့် ကိုးကန့်တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရခဲ့ကြောင်း၊ ဒေသတွင်းမှာ TNLA က တပ်သားသစ် အဓမ္မစုဆောင်းလာသည့်အကြောင်းနှင့် လတ်တလော ဖြစ်နေသည့် ပဋိပက္ခများအား ဖြေရှင်းရန် ငါးကြိမ်အကြောင်းကြားခဲ့သော်လည်း လက်မခံခဲ့ကြောင်း ကိုးကန့်တပ် MNDAA ဘက်က ကြေညာချက်ထုတ်ပြန်ထားသည်။
ထိုသို့ အခြေအနေတင်းမာမှုမှတဆင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ကိုးကန့်တပ် (MNDAA) တို့ကြား ယခုအခါတွင် တိုက်ပွဲဖြစ်သည့်အဆင့်အထိ ရောက်လာလျက်ရှိသည်။
၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းတွင် ကွတ်ခိုင်မြို့သည် TNLA ထိန်းချုပ်ထားသည့် မတ်လ ၁၄ ရက်နေ့ မနက်ပိုင်း ကစ၍ MNDAA က တိုက်ခိုက်သဖြင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရသည်။
မြို့ပေါ်ကတပ်စခန်းများ အပါအဝင် နမ့်ဖတ်ကာ၊ ကျင်စန်းကျော့၊ တာမိုးညဲနှင့် မုံးစီးက TNLA တပ်စခန်းများအား MNDAA ဘက်မှ ဝင်သိမ်းခြင်းဖြစ်သည်။
MNDAA သည် ကွတ်ခိုင် ပြန်ယူရေးကို အဓိကထား ကြိုးစားနေခြင်းဖြစ်နိုင်ကာ ကွတ်ခိုင်မြို့ကို ပြန်ရပါက တိုက်ပွဲများကို ရပ်တန့်သွားမည်ဟု ထင်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားအား တွေ့ရစဉ်
၎င်းက “ဟိုကျမထင်တယ် MNDAA ကလည်း ဒီကွတ်ခိုင်ရရေးပဲ အဓိကထင်တယ်။ ကွတ်ခိုင်ရပြီးလို့ရှိရင် သူ လည်း ရပ်မယ်ထင်တယ်။ TNLA ကလည်း ဆွေးနွေးမယ်ဆိုတဲ့သဘောမျိုးပြောသလိုပဲ ပြန်တိုက်မယ်လို့တော့ ပြောသံ မကြားရဘူးဗျ။ တော်တော်ပျော့ပျော့ပြောင်းပြောင်းပြောနေတာ။ အဲဒီတော့ ကြည့်ရတာသူတို့အချင်းချင်းကြား ဆွေးနွေးညှိနှိုင်းကြလိမ့်မယ်ထင်တယ်။ နောက်တစ်ခုက ကျမတွေ့နေတာတော့ ဗမာပြည်အရေးနဲ့ပတ်သက်တဲ့ အထူးတာဝန်ယူထားတဲ့တစ်ယောက်လည်း နေပြည်တော်ရောက်နေတယ်။ အဲဒီတော့ သူတို့က ဒီအပစ်အခတ် ရပ်စဲရေးတို့ဘာတို့ညာတို့ ဆွေးနွေးကြလိမ့်မယ်ထင်တယ် ကြည့်ရတာ။ ဒါကြောင့်မို့လို့ အဲ့ဒီအတွက်စီစဥ် နေကြ တယ်နဲ့တူပါတယ်။ ကျမထင်တယ် သိပ်ဆိုးရွားစရာအကြောင်းမရှိဘူးဗျ TNLA ပြောပုံကြည့်ရတာလေ။ နောက်ပြီးတော့ MNDAA ကလည်း ဒရုန်းနဲ့သာတိုက်တာ မြေပြင်တပ်တွေပါပြီးတိုက်တယ်လို့မကြားဘူး။ သူ့ရဲ့ဗျု ဟာက ဒီကွတ်ခိုင် သူပြန်ယူဖို့ပဲကြိုးစားတယ်နဲ့တူပါတယ်။ အဲဒီတော့ TNLA တို့ဘက်ကလည်း သူ့အင်အားတို့၊ ဘာတို့ဘက်ကလည်း သူခမျာအတော်လျှော့နည်းသွားတယ်လေ။ နောက်သူပြောပုံကြည့်ရတာ သူတို့စစ်ဆင် ရေးတွေမှာ ပြန်မဖြည့်နိုင်ဘူးဗျ၊ ဘဏ္ဍာရေးတွေဘာတွေတော်တော်ထိသွားတာ။ အဲဒါ ချက်ချင်းလည်းပြန်မဖြည့် နိုင်သေးတော့ အစောပိုင်းက သူတို့ ၁၀၂၇ တိုက်တုန်းကလည်း သူက MNDAA ကပဲ အားဖြည့်ပေးခဲ့တာဖြစ်တာ ကို။ အဲဒါကြောင့်မို့လို့ တိုက်ပွဲကြီးအထိဖြစ်လာမယ်လို့တော့ မထင်ဘူး။ အောက်ခြေမှာတော့ ထိတာ၊ ခိုက်တာ၊ အဲဒါမျိုးလေးတွေတော့ရှိနိုင်တယ်။ ဒါပေမယ့် တကယ့်တိုက်ပွဲကြီးတွေဖြစ်လာတဲ့အထိတော့ ဖြစ်မှာမဟုတ်ဘူး” ဟု ပြောသည်။
ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့သည် ညီနောင်မဟာမိတ် ၃ဖွဲ့ဟု ဖွဲ့စည်းထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA နှင့် TNLA တို့အကြား နယ်မြေ အငြင်းပွားကာ မကြာခဏ ခိုက်ရန်ဖြစ်ပွားမှုများ ရှိနေသည်။
လက်ရှိတွင် TNLA ၏စခန်းနေရာများတွင် MNDAA ကနေရာယူထားသကဲ့သို့ မြို့တွင်းမှာလည်း လူသွားလူလာမရှိဘဲ တိတ်ဆိတ်နေကြောင်း၊ အပြင်ကိုလည်း မထွက်နိုင်ဘဲ မြို့ထဲမှာသာ ပိတ်မိနေကြကြောင်း ဒေသခံများထံက သိရသည်။
