CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကို မူလစစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်ခိုင်းပြီး ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်အား ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်ကလည်း ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်ကို မူလစစ်ဘက်တာဝန် များ ပြန်လည် ထမ်းဆောင်ခိုင်းပြီး ဒုတိယစစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်မင်းသူကို အစားထိုး ခန့်အပ်ခဲ့သည်။