CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်အတွင်းက မူးယစ်ဆေးဝါးချက် လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ အပါအဝင် ကျားဖြန့်လုပ်ငန်းသုံး ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်မှ သတင်းထုတ်ပြန်ခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်၊ နားလင်းကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၉၀၀၀ ခန့်အကွာတွင် အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် အလျား ၄၀ ပေ၊ အနံ ၃၀ ပေရှိ သွပ်မိုးသွပ်ကာ လူနေ အဆောက်အအုံ ၂ လုံးအတွင်းမှ ကွန်ပျူတာ(Laptop)၁၈ လုံး၊ ကွန်ပျူတာ(Desktop) ၃၅ လုံး၊ ဖုန်းမျိုးစုံ ၁၁ လုံး၊ Star Link ၅ လုံး တို့ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်က လုံခြုံရေးတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။
ထိုနေ့ ညနေ ၄ နာရီကျော်တွင် အဆိုပါ နေရာ၏ အရှေ့ဘက် မီတာ ၈၀၀ ခန့်အကွာတွင် ကွန်ပျူတာ(Laptop) ၁၁ လုံးနှင့် ကွန်ပျူတာ(Desktop) ၆ လုံး၊ Star Link ၃ လုံး၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆေးပြား ရိုက်စက် ၂ လုံး၊ ဆေးမွှေစက် ၁ လုံး၊ ဆေးပြားရေတွက်စက် ၁ လုံး၊ အိုက်စ် ၂ ကီလိုဂရမ်၊ ဆေးပြားရိုက်ရန် ရောစပ် ထားသည့် အနှစ် ၁၀ ကီလိုဂရမ်ပါ ပုံး ၁ ပုံး၊ Caustic Soda ၂၅ ကီလိုဂရမ်၊ Sodium Poweder ၂၅ ကီလိုဂရမ်ပါ ၃၀ လုံး၊ မော်တော်ယာဉ် ၁ စီး၊ မီးစက် ၂ လုံး၊ ဘက်ဟိုး ၁ စီး၊ SSA တံဆပ်ပါ အစိမ်းရောင် ယူနီဖောင်း ၁ စုံ၊ အပွင့် ၂ ပွင့်ပါ ပုခုံးတံဆိပ် ၁ စုံ၊ SSA တံဆိပ်ပါ အစိမ်းရောင် ဦးထုပ် ၁ လုံး၊ အဆောက်အအုံများနှင့် ဆက်စပ် ပစ္စည်းများ ကို ထပ်မံ သိမ်းဆည်းရမိခဲ့သည်ဟု နေပြည်တော်က ထုတ်ပြန်ခဲ့သည်။

ထို့နောက် မိုင်းရယ်မြို့၏ အနောက်တောင်ဘက် ၂၆၀၀၀ မီတာခန့်အကွာ၊ မန်ဖြတ်ကျေးရွာအနီးမှာ မူးယစ်ဆေး ဝါး ချက်လုပ်ရာတွင် အသုံးပြုခဲ့သည့် ယာယီ ၁၄ လုံး၊ အလျား ၁၀၀ ပေ၊ အနံ ၂၅ ပေရှိ အဆောက်အအုံ ၆ လုံး၊ ပလတ်စတစ်ပေပါခွံ ၁၂၀ လုံး၊ ဓာတုဆေးရည်များ ထည့်ထားသည့် သံပေပါ ၂၀ လုံး၊ သံပေပါခွံ ၃၀ လုံး၊ ဂတ်စ်အိုး ၆၀ လုံး၊ စတီးပေါင်းအိုးကြီး ၄ လုံး၊ အင်ဂျင်ကြီး ၂ လုံး၊ အက်ဆစ်ပါ ပလတ်စတစ်ပေပါ ၆၇ လုံးနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာ၌ အသုံးပြုသည့် ဆက်စပ် ပစ္စည်းများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်က သိမ်းဆည်းရမိခဲ့သည်။
အလားတူ မိုင်းရယ်မြို့၏ အနောက်တောင်ဘက် မီတာ ၂၀၀၀၀ ခန့်အကွာမှာလည်း မူးယစ်ဆေးဝါး ချက်လုပ်ရာ တွင် အသုံးပြုသည့် အလျား ၁၅ ပေ၊ အနံ ၂၀ ပေရှိ ပလတ်စတစ်ကာ အဆောက်အအုံ ၅၀ လုံး၊ ဖျက်ဆီးထားသည့် အဆောက်အအုံ ၁၅ လုံး၊ ဂတ်စ်အိုး ၆၀၀ လုံး၊ ရေခဲသေတ္တာ ၁၀ လုံး၊ မီးစက် ၃ လုံး၊ ပေါင်းအိုးအကြီး ၃ လုံး၊ ဆေးပြားရိုက်စက် ၃ လုံး၊ ဓာတုဆေးရည် ထည့်ထားသည့် ပေပါ ၅၀၀ လုံး၊ မူးယစ်ဆေးမှုန့်များဟု ယူဆရသည့် အဖြူမှုန့်များ ထည့်ထားသော ဆာလာအိတ် ၃၀၀ အိတ်၊ ပလတ်စတစ်အိတ် အကြည် ၃၀၀ အိတ်၊ ၅ ဂါလန်ဆံ့ အက်ဆစ်ပုံး ၃၀၀ လုံး၊ စတီးဗန်းကြီး ၆ ချပ်၊ အမျိုးအစား(စိစစ်ဆဲ) အဖြူရောင်အမှုန့်များ ပါဝင်သည့် စက္ကူဖာ ၃၀ ပုံး၊ ဆာလာအိတ်ဖြင့် ထည့်ထားသည့် (စိစစ်ဆဲ) အဖြူရောင်မှုန့် ၃၀၀ ထုပ်၊ ဆိုင်ကယ် ၅ စီး၊ SSA အဖွဲ့မှ ပါဝင် ပတ်သက်နေသူများ အပါအဝင် တရားခံ ၆ ဦး အပြင် SSA တံဆပ်ပါ ယူနီဖောင်းနှင့် တံဆိပ်များ အပါအဝင် ဆက်စပ် ပစ္စည်းများကို ဇန်နဝါရီ ၁၁ ရက်တွင် သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် မိုင်းရယ်မြို့၏ အနောက်တောင်ဘက် မီတာ ၁၉၀၀၀ ခန့်အကွာတွင် မူးယစ်ဆေးဝါး အဓိက ချက်လုပ်သည့် နေရာဟု ယူဆရသော (၇)နေရာ ပတ်ဝန်းကျင်ကို တွေ့ရှိရကြောင်း၊ ထိုနေရာများကို ရှင်းလင်းစဉ် မူးယစ်ဆေးဝါး ချက်လုပ်သည့်တဲ့နှင့် ဆက်စပ်ပစ္စည်းထားသော ဂိုဒေါင် ၃၃ လုံးအား တွေ့ရှိရကြောင်း နေပြည်တော်ဘက်က ထုတ်ပြန်ခဲ့သည်။
မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဂတ်စ်အိုးမျိုးစုံ ၄၄၃ လုံး၊ ဖိုင်ဘာပေပါ ၁၃၁၂ လုံး၊ သံပေပါ ၃၃၆ လုံး၊ သုံးဘီးဆိုင်ကယ် ၂ စီး၊ Caustic Soda ၈၅ အိတ်၊ Sulphonic Acid Liquid ပီပါ ၂၁ လုံး၊ တင်ဒါပီပါ ၈ လုံး၊ အမျိုးအမည်(စိစစ်ဆဲ) အညိုရောင်ပေပါ ၅ လုံး၊ ဖန်အိုး(အသေး) ၅၂၅ လုံး၊ ဖန်ပေါင်းအိုးကြီး ၁၀ လုံး၊ Ethnol ပေပါ ၄၀ လုံး၊ အဖြူရောင် အနှစ်များ ထည့်သွင်းထားသော စတီးဇလုံ ၁၅၀ လုံး၊ အခြောက်ခံ ဗန်းများနှင့် မူးယစ် ဆေးဝါးချက် လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကိုလည်း ဇန်နဝါရီ ၁၁ ရက်က သိမ်းဆည်းရမိခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း ငွေကျပ် ၁၇၆၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေး ဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်ဟု နေပြည်တော်ဘက်က သတင်းထုတ် ပြန်ခဲ့သည်။
