CNI News

၂၀၂၂ ဇန်နဝါရီ ၂

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) ၏ တရားဝင်နာမည်ကို သုံးစွဲကြရန် AA က ဇန်နဝါရီ ၁ ရက်တွင် အသိ ပေးထုတ်ပြန်ခဲ့သည်။

AA ကို ခေါ်ဝေါ်သုံးစွဲရာတွင် သတိမမူ၍သော်လည်းကောင်း၊ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့်‌ သော်လည်းကောင်း၊ မူရင်း အမှန်ကို မသိ၍သော်လည်းကောင်း၊ ကွန်ပျူတာများ၌ ပုဒ်ဆင့်ပေါင်းရာတွင် ရှာမတွေ့၍ သော်လည်းကောင်း မှားယွင်းစွာ သုံးစွဲနေကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

AA က “ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)နှင့် ဆက်သွယ် ဆောင်ရွက်လုပ်ဆောင်ရာတွင် မိမိတို့ သတ် မှတ်ထားသော တရားဝင်နာမည်ဖြစ်သည့် ရက္ခိုင်အမျိုး သားအဖွဲ့ချုပ် (ULA)၊ ရက္ခိုင့်တပ်တော် (AA)၊ ရက္ခိုင်ပြည်သူ့အာဏာ ပိုင်အဖွဲ့ (APA)ဟုသာ နှစ်ဖက် အပြန်အလှန်လေးစားမှုဖြင့် တိတိကျကျ မှန်မှန်ကန်ကန် သုံးစွဲပေးကြစေလိုကြောင်း သက် ဆိုင်ရာ အဖွဲ့အစည်းများ၊ မီဒီယာများနှင့် လူပုဂ္ဂိုလ်များအားလုံးသို့ အသိပေးထုတ်ပြန်အပ်ပါသည်” ဟု ထုတ်ပြန်ခဲ့သည်။

တရားဝင်နာမည်ကို လွဲမှားစွာ ခေါ်ဝေါခြင်းသည် AA ၏ နိုင်ငံရေး ရပ်တည်မှု သဘောထား၊ ဂုဏ်သိက္ခာနှင့် ကြိုင်းပမ်း ဆောင် ရွက်နေမှုအား အဓိပ္ပာယ်ကောက် လွဲချော်မှားယွင်းမှုများ ဖြစ်ပေါ်စေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရက္ခိုင်” ဟူသည် “တိုင်းပြည်၊ နိုင်ငံ၊ အမျိုးသား” ကို ရည်ရွယ်ပြီး “ရက္ခိုင့်တပ်တော်” ဟူသည်မှာလည်း “ရက္ခိုင် ပြည်သူ လူထု၏ တပ်တော်၊ ရက္ခိုင်ပြည်၏ စစ်တပ်” ဖြစ်သည်နှင့်အညီ ရက္ခိုင်ပြည်တွင် နေထိုင်သော လူမျိုးဘာသာမရွေး ရက္ခိုင် ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသည့် ရက္ခိုင့်တပ်တော် တစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။