CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀

ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြသည့် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ နှစ်ဦးကို ယနေ့ (ဒီဇင်ဘာ ၃၀ ရက်) တွင် အင်းစိန်အကျဉ်းထောင် အထူးတရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ ဇနီးမောင်နှံ နှစ်ဦးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က အရပ်သား အစိုးရဖြုတ်ချခံရပြီးနောက် ဒီမိုကရေစီ အရေး တောင်းဆိုကြရာမှာ ပါဝင်ခဲ့ကြသည်။

ထို့နောက် ဧပြီလတွင် ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅(က) အမှုဖြင့် တရားစွဲဆိုခံထားရခြင်းကို ရင်ဆိုင်နေရာမှ ယနေ့ (ဒီဇင်ဘာ ၃၀ ရက်)တွင် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။