CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၇
ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်နေ့ ညပိုင်းက မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့သည်။
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။
သမ္မတ လူကာရှန်ကိုသည် ၁၉၉၄ ခုနှစ်ကစတင်၍ ဘယ်လာရုစ်သမ္မတအဖြစ် ယနေ့အချိန်ထိ တာဝန်ထမ်း ဆောင်နေခြင်းဖြစ်သည်။
