CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆
ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) အရ ပြစ်မှု ထင်ရှားစီရင်ခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၂၃၆၁ ဦးကို ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခါင့် ပြုလိုက်သည်ဟု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရ်ကတွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)အရ ပြစ်မှု ထင်ရှားစီရင်ခံရပြီး အကျည်းထောင်/အချုပ်ထောင်/အကျဉ်း စခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၇၂၄ ဦးကို “နောက်တစ်ကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူ သော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်သည်ဟု ကာ/လုံက ထုတ်ပြန်ခဲ့သည်။
ထိုသို့ လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းက မကြာမီ ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက်ဖြစ်သည်ဟု ကာ/လုံက ထုတ်ပြန်ခဲ့သည်။
