CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆
ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် ကြားနာစစ်ဆေးဆဲအမှုများနှင့် ယင်းပြစ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခံရသူ ၅၅၈၀ ဦးတို့၏ ကြားနာစစ်ဆေးဆဲ အမှုများကို ပိတ် သိမ်းလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန် ခဲ့သည်။
ထိုသို့ အမှုများ ရုပ်သိမ်းပေးလိုက်ခြင်းက မကြာမီ ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက်ဖြစ်သည် ဟု ကာ/လုံက ထုတ်ပြန်ခဲ့သည်။
