CNI International News

ကိုဟီးယား၊ နိုဝင်ဘာ ၂၆

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-အိုက်ဇက်ရှီချီဆူနဲ့ဗွီးဗာ(NSCN-IM)က ကိုဟီးမားမြို့တော်အတွင်းရှိ ဟိုတယ် များ၊ တည်းခိုခန်းများ၊ ဒစ္စကိုကပွဲ ခန်းမများနှင့် ဘားများတွင် အသက် မပြည့်သေးသူများကို ခန့်ထားသည့် ဖြစ်စဉ် များ အပါအဝင် ခြိမ်းခြောက်ငွေညှစ်မှု၊ အရက်ရောင်းချမှု၊ တရားမဝင် မူးယစ်ဆေးများ ပျံ့နှံ့နေမှုတို့အပေါ် စိုးရိမ် မှုများ မြင့်တက်လာခြင်းနှင့်ပတ်သက်ပြီး တင်းကျပ်သည့် ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့သည်ဟု Eastern Mirror သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

လက်ရှိ အခြေအနေကို လေ့လာဆန်းစစ်ခဲ့ပြီးနောက် အရက်သေစာ လက်ဝယ်ပိုင်ဆိုင်ခြင်း၊ ရောင်းချခြင်း၊ မူးယစ် ဆေး အသုံးပြုခြင်း၊ ဟိုတယ်များ၊ တည်းခိုခန်းများ၊ ဒစ္စကိုကပွဲများနှင့် ဘားများတွင် အသက် မပြည့်သူများကို ခန့်ထားမှုကို ချက်ချင်းတားမြစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း NSCN-IM ၏ Angami region က ကြေညာခဲ့သည်။

ခြိမ်းခြောက် ငွေညှစ်မှုများနှင့် စီးပွားရေး လုပ်ငန်းရှင်များအပေါ် အခွန်ကောက်ခြင်း သို့မဟုတ် NSCN/GPRN ၏ အမည်ကို အသုံးချခြင်း၊ နာမည်ဖျက်ခြင်းတို့ ပြုလုပ်သည့် လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများအနေဖြင့် ပြင်းထန်စွာ အရေးယူခံရလိမ့်မည်ဟု သတိပေးခဲ့သည်။

NSCN-IM တပ်ဖွဲ့ကို တွေ့ရစဉ်

ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ညပိုင်း ပွဲလမ်းသဘင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ယခု ထုတ်ပြန်ချက်များကို တင်းကျပ်စွာ လိုက်နာရန်နှင့် တားမြစ်ချက်ကို ချိုးဖောက်သူများသည် ကြီးလေးသည့် အရေးယူမှုအား ခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယခုထုတ်ပြန်ချက်သည် ပြည်သူများ၏ လုံခြုံရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ နာဂ အသိုင်းအဝိုင်းအတွင်းရှိ လူငယ်များကို ကာကွယ်ရေးတို့အတွက်ဖြစ်ကြောင်း NSCN-IM က ပြောကြားခဲ့သည်။

ပြည်သူများ၊ stakeholder များနှင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ထုတ်ပြန်ချက်ကို ထိရောက်စွာ အကောင် အထည်ဖော်နိုင်ရန် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရန်၊ အထက်ဖော်ပြပါ စည်းကမ်းချက်များကို ချိုးဖောက် ပါက သက်ဆိုင်ရာသို့ တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Source: Eastern Mirror