CNI News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆

ကရင်ပြည်နယ်၊ ဖလူးလေး၊ ဝေါလေနှင့် စုကလိအထိ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကိုမှ ဖြတ်သန်း သွားလာခွင့် မပြုဘူးဟု ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)က ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့နောက် အရေးပေါ် သွားလာရန် လိုအပ်ပါက ကြိုတင် သတင်းပို့ရန် DKBA က ထုတ်ပြန်ခဲ့သည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာရှိ DKBA ထိန်းချုပ်ထားသော ကျားဖြန့် လုပ်ငန်းခွင် တစ်ခုကို ကရင်အမျိုးသားအစည်းအရုံး(KNU)က ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်၌ ဝင်ရောက် တိုက်ခိုက်ထိန်းချုပ်ခဲ့သည်။

DKBA ထုတ်ပြန်ချက်ကို တွေ့ရစဉ်

ထို့ကြောင့် KNU နှင့် DKBA ကြား စစ်ရေးတင်းမာလာခဲ့သည်။

တခြား တစ်ဖက်မှာလည်း မြန်မာ့တပ်မတော်သည် DKBA နှင့် ကရင်နယ်ခြားစောင့်တပ်(BGF)တို့သည့် ရွှေက္ကိုလ်နှင့် KK Park ရှိ ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းလျက်ရှိသည်။