CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉

ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသမှ တပ်မတော်နှင့် KNLA ကြား တိုက်ပွဲဖြစ်ပွားသည့်အတွက် ထိုင်းနိုင်ငံဘက်သို့ ထွက် ပြေး တိမ်းရှောင်ခဲ့ကြသူများအနက် လူဦးရေ ၁၀၀၀ ကျော်ကို ပြန်လည်နေရာချထားလျက်ရှိပြီး လိုအပ်သည်များကို ကူညီ ထောက်ပံ့ ပေးထားသည်ဟု နစက-က ပြောသည်။

လေးကေ့ကော်မြို့သစ် တစ်ဝိုက်ရောက်ရှိနေသော NUG နှင့် PDF များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ် ဖမ်းဆီးခဲ့ ရာမှာ KNLA နှင့် တပ်မတော်ကြား ဒီဇင်ဘာ ၁၅ ရက်နေ့မှ စတင်၍ ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ထို့နောက် လေးကေ့ကော် ဒေသတစ်ဝိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၈ ရက်မှစ၍ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းမှု ရှိသည့်အတွက် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အပြစ်မဲ့ပြည်သူများ ပြန်လည် နေထိုင်နိုင်ရေးအတွက် အသံချဲ့စက်များဖြင့် ကရင်ဘာသာ၊ မြန်မာဘာသာစကားများဖြင့် ပြန်လည်ဖိတ်ခေါ်ခဲ့သည်ဟု နစက-က ပြောသည်။

အလားတူ ထိုင်း-မြန်မာ နယ်ခြားကော်မတီများမှ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခြင်းများကြောင့် ထွက်ပြေးတိမ်းရှောင် နေသူများအနက်မှ ယနေ့(ဒီဇင်ဘာ ၂၉ ရက်)တွင် အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ မယ်ထော်သလေးနှင့် မေတ္တာလင်းမြိုင် ကျေးရွာ တို့တွင် နေထိုင်သူ အမျိုးသား ၈၀၇ ဦး၊ အမျိုးသမီး ၉၀၁ ဦး စုစုပေါင်း ၁၇၀၈ ဦးတို့သည် ၎င်းတို့ နေရပ်သို့ ပြန်လည် ဝင် ရောက် လာကြသည်ဟု နစက-က ပြောသည်။

တပ်မတော်နှင့် KNLA ကြား တိုက်ပွဲများကြောင့်  လေးကေ့ကော်ဒေသမှ လူဦးရေ ၂၀၀၀၀ ဝန်းကျင်သည် ထိုင်းနိုင်ငံ ဘက်ခြမ်းနှင့် ပြည်တွင်း (မြန်မာနိုင်ငံ)နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည်။