CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ တပ်မဟာ ၆၁၄ ထံသို့ PDF နှစ်ဦး လက်နက်ခဲယမ်းများဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်က အလင်းဝင်လာ ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်က SNA ထံ အလင်းဝင်လာသူ ၂ ဦးကို တွေ့ရစဉ်
SNA ထံ အလင်းဝင်လာသည့် PDF နှစ်ဦးမှာ PDF ရင်း SR-10 ကဖြစ်ကြောင်း၊ ၎င်းတို့ နှစ်ဦးကို SNA ဘက် ဆုငွေနှင့် အသုံးအဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်အတွင်းမှာ KIA-PDF-ကဒူး ပူးပေါင်းတပ်ဖွဲ့နှင့် SNA ကြား တိုက်ပွဲများဖြစ်ပွားနေသည်။
