CNI News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်-ဗန်းမောက် ဗျူဟာလမ်းကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်မှစ၍ ရက် အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည်ဟု အင်းတော်(ပကဖ)က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အခြားသော လမ်းပိုင်းအားလုံးကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်းလည်း ထုတ်ပြန်ခဲ့ သည်။

လက်ရှိတွင် KIA-PDF ပူးပေါင်းတပ်ဖွဲ့များသည် ဗန်းမောက်မြို့နယ်အတွင်းမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)နှင့် တိုက်ပွဲများဖြစ်ပွားနေသည်။

အလားတူ ဗန်းမော်မြို့မှာလည်း မြန်မာ့တပ်မတော်နှင့် KIA-PDF ပူး‌ပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေ သည်။

KIA-PDF သည် ဗန်းမော်မြို့ပေါ်တွင် သိမ်းပိုက်ထားသော နေရာများနှင့် စစ်စခန်းများ စွန့်ခွာနေကြရသလို အင်းတော်မြို့ကို မြန်မာ့တပ်မတော်က ပြန်လည် တိုက်ခိုက်လာမည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်။

အလားတူ ဗန်းမောက်မြို့နယ်ကိုလည်း သိမ်းပိုက်ရရှိရေး ကြိုးပမ်းနေသည်မှာ ၂ နှစ်ကျော်လာပြီဖြစ်သည့်တိုင် မရသေးဘဲဖြစ်ကာ ဗန်းမော်မြို့က စစ်ရေး ကျဆင်းမှု စိတ်ဓာတ်ပြန်လည် မြှင့်တင်ရန်အတွက် ဗန်းမောက်မြို့နယ် အတွင်း နယ်မြေတချို့ကို ထိန်းချုပ်ရန် ကြိုးပမ်းလာနေကြောင်း နီးစပ်သူများက ပြောသည်။