၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မယ်ဝါးခီးကျေးရွာအနီး တပ်မတော်နှင့် KNU လက်အောက်ခံ တပ်ဖွဲ့များကြား တိုက်ပွဲကို သတင်းယူနေရင်း ဖက်ဒရယ်ဂျာနယ်မှ အယ်ဒီတာ ကိုအေစိုင်းကေသည် လက်နက်ကြီးကျည်စ ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၅ ရက်နေ့က မယ်ဝါးခီးကျေးရွာအနီး တိုက်ပွဲမှာ သတင်းယူနေစဉ် တပ်မတော်ဘက်က ပစ်ခတ်ခဲ့ သည့် လက်နက်ကြီးကျည်စ ကိုအေစိုင်းကေ၏ ဦးခေါင်းထိမှန်သွားခဲ့ရာ ထိုဒဏ်ရာဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ် ကြောင်း မီဒီယာအသိုင်းအဝိုင်းမှ သိရသည်။

 ပုံ- ကိုအေစိုင်းကေ သေဆုံးခြင်း အထိမ်းအမှတ် (Soe Ya)

အလားတူ ထိုတိုက်ပွဲအတွင်း သတင်းရယူနေသည့် တခြားသော သတင်းသမား နှစ်ဦးလည်း ထိခိုက် ဒဏ်ရာ များ ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသအတွင်းမှာ တပ်မတော်နှင့် KNU လက်အောက်ခံ တပ်ဖွဲ့များ ကြား ဒီဇင်ဘာ ၁၅ ရက်မှစတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေပြီး တိုက်ပွဲရှောင် ၂၀၀၀၀ ဝန်းကျင် ထိုင်းဘက်ခြမ်းနှင့် ပြည်တွင်း ရွှေ့ပြောင်း နေထိုင်နေကြရသည်။