CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၅

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်ဒေသတွင် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်အောက်ခံ တပ်ဖွဲ့ဝင်များကြား စစ်ရေးတင်းမားနေပြီး တိုက်ပွဲများဖြစ်ပွားနေရာ မြန်မာနိုင်ငံဘက်မှ ပစ်လိုက်သော လက်နက်ကြီး တစ်လုံး ထိုင်းဘက်ခြမ်းသို့ ကျရောက်ခဲ့သည်ဟု ဒေသတွင်း ကရင်အမျိုးသားမီဒီယာမှ ဖော်ပြထားသည်။

ယနေ့ (ဒီဇင်ဘာ ၂၅ ရက်) နံနက် ၉ နာရီကျော်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊  မော်လီချိုင်းကျေးရွာက နေအိမ် တစ်လုံး ခေါင်းမိုးပေါ်သို့ လက်နက်ကြီး ကျည်တစ်လုံး ကျရောက်ခဲ့ခြင်း ဖြစ်သည်။

ပုံ- ချာဝလစ်

သို့သော် လူ တစ်ဦးတစ်ယောက်မှ ထိခိုက် ဒဏ်ရာ ရရှိမှုမရှိဘဲ နေအိမ် ခေါင်းမိုး ပျက်စီးသွားခဲ့ကြောင်း ဓာတ်ပုံများအရ သိရသည်။

အဆိုပါ လက်နက်ကြီးကျည်သည် မည်သည့်အဖွဲ့အစည်း (သို့မဟုတ်) လူပုဂ္ဂိုလ်က ပစ်ခတ်လိုက်သည်ကိုတော့ မသိရသေး ပေ။

လက်ရှိတွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်ဒေသမှာ ဒီဇင်ဘာ ၁၅ ရက်စတင်ကာ စစ်ရေးတင်းမာလျက်ရှိနေ သည်။