CNI News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅

အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ပြီးနောက် ချင်းတော်လှန်ရေးတပ်ဖွဲ့များကို အိန္ဒိယက စောင့်ကြည့်ထိန်းချုပ်လာနိုင် သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

ထို့ပြင် အိန္ဒိယက မြန်မာနိုင်ငံ၏ လုံခြုံရေးကဏ္ဍမှာ ဘယ်လိုပါဝင်လာနိုင်သလဲ ဆိုသည့်အပေါ်မှာလည်း စောင့်ကြည့်ရမည်ဟု ၎င်းတို့က သုံးသပ်နေကြသည်။

အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံကဲ့သို့ မြန်မာ့တပ်မတော်အပေါ် ထည်ထည်ဝင်ဝင် ပံ့ပိုးမည့်အနေထား မဟုတ် ဘဲ ချင်းတော်လှန်ရေးတပ်ဖွဲ့များကို ‌စောင့်ကြည့် ထိန်းချုပ်လာနိုင်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာ CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အတိအကျတော့ မှန်းဖို့တော့ ခက်ပါတယ်။ ဒါပေမယ့် တစ်ဖက်က ကြည့်ရင်လည်း တရုတ်နဲ့ ပြေလည် သလို၊ တစ်ဖက်က အိန္ဒိယနဲ့လည်း ပြေလည်ချင်တဲ့ သဘောမျိုး balance ဖြစ်အောင် ထိန်းတဲ့သဘောလို့ ယူဆ ပါတယ်၊ အိန္ဒိယဆက်ဆံရေးကတော့။ သို့သော် အိန္ဒိယကတော့ တရုတ်လို ထည်ထည်ဝင်ဝင် လက်နက်ပစ္စည်း တွေပေး အကုန်လုံး။ လားရှိုးအထိ တရုတ်ရဲ့ ceasefire monitoring ဆိုပြီးတော့ ဝင်ကြည့်တဲ့ အဲဒီပုံစံကတော့ အိန္ဒိယက လုပ်မယ့်ပုံမပေါ်ဘူး။ သို့သော်လည်းပဲ ချင်းမှာရှိတဲ့ ချင်းတော်လှန်ရေး တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုနဲ့ ဟိုဟာ ကိုတော့ နည်းနည်းစောင့်ကြည့် ထိန်းချုပ်မယ့် သဘောတော့ ရှိလာနိုင်တာပေါ့” ဟု ပြောသည်။

ချင်းညီနောင်အဖွဲ့ (CB)နဲ့ KIA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် တွေ့ဆုံစဉ်

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ် အတွင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံစဉ် လုံခြုံရေးတိုးမြှင့်ရန် သဘောတူညီမှုရရှိခဲ့သည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့ကလည်း မြန်မာ့တပ်မတော်၏ ကစထ(၁)မှူး ဒုတိယဗိုလ်ချုပ် ကြီး ကိုကိုဦးနှင့် အိန္ဒိယတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Upendra Dwivedi တို့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ တွေ့ဆုံခဲ့ကြသည်။

ထိုတွေ့ဆုံမှုတွင် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ စစ်ရေးနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများ တိုးချဲ့ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် အပြန်အလှန် ကတိကဝတ်များကို ထပ်မံအတည် ပြုရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု အိန္ဒိယစစ်တပ်က ထုတ်ပြန်ခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးမြောက်ပိုင်း၊ ချင်းပြည်နယ်)၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ကချင်ပြည်နယ်)၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်(မန္တလေးတိုင်း ဒေသကြီ၊ မကွေးတိုင်းတောင်ပိုင်း)စသည့် စစ်တိုင်း ၃ တိုင်းကို ကိုင်တွယ်သော ကစထ(၁)မှူး ဖြစ်သည်။

ကစထ(၁)၏ လက်အောက်ခံ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ ဖြစ်သည်။

ချင်းညီနောင်အဖွဲ့ (CB)နဲ့ NUG ခေါင်းဆေင်တွေ တွေ့ဆုံကြစဉ်

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့ဖြင့် ထိစပ်လျက်ရှိပြီး အိန္ဒိယကို တိုက်ခိုက်နေသော နာဂ၊ ကသည်း လက်နက်ကိုင်များ အခြေပြု လှုပ်ရှားနေသော နယ်မြေများဖြစ် သည်။

အလားတူ အိန္ဒိယနှင့်ထိစပ်နေသည့် ချင်းပြည်နယ်တွင် မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသော ချင်းလက်နက် ကိုင်အဖွဲ့ ၁၀ ဖွဲ့ထက်မနည်း တည်ရှိနေပြီး တိုက်ပွဲများ ဖြစ်ပွားနေ၍ တိုက်ပွဲရှောင်များ အိန္ဒိယနိုင်ငံထဲသို့ ဝင် ရောက် ခိုလှုံနေကြရသည်။

အိန္ဒိယ-မြန်မာနယ်စပ်ဒေသရှိ အချို့ပြည်နယ်အစိုးရများသည် ချင်းလက်နက်ကိုင်အဖွဲ့အချို့ပေါ် တော်လှန်ရေး အတွက် ကူညီနေမှုများ ရှိနေသည့်ကိစ္စရပ်ကို ထိရောက်ပြတ်သားစွာ ဆောင်ရွက်ရန် နှစ်နိုင်ငံသဘောတူ ဆွေးနွေး ခဲ့ကြနိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုကြတော့ ဟိုဘက်က မီဇိုရမ်ပြည်နယ်၊ ပလက်ဝရဲ့ အပေါ်ဘက်ခြမ်းပေါ့။ AA လက်ရှိ ရှိနေတဲ့ နေရာရဲ့ အပေါ်ဘက်ပေါ့။ နောက်တစ်ခုကြတော့ ချင်းတောင်ဘက်ပေါ့။ မီဇိုရမ်ရှိတယ်၊ KIA နဲ့ပတ်သက်ရင် အာသံပေါ့နော်။ အထူးသဖြင့် မီဇိုရမ်တို့လို ပြည်နယ်မျိုးဆိုရင်တော့ အာသံရော ထိုနည်းလည်းကောင်းပါပဲ။ အစကတည်းက အိန္ဒိယ မဟုတ်ဘူးလေ။ ချင်းတို့၊ ရှမ်းတို့၊ အဲဒီအခါကြတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်း အတိုင်းအတာတစ်ခုအထိ တော်တော် ပေးထားတယ်ဆိုတဲ့ အခါကြတော့ အဲဒီမှာရှိတဲ့ အိန္ဒိယတပ်မတော်ရော၊ နယ်ခြားစောင့်တပ်တွေက ရော မြန်မာနိုင်ငံနဲ့ မြန်မာ့တပ်မတော်နဲ့ ကောင်းတဲ့ဆက်ဆံရေး ရှိပေမယ် တချို့ ပြည်နယ်အစိုးရတွေကတော့ မီဇိုရမ်တို့ ဘာတို့ဆိုရင် ဒီဘက်က CNA တို့ဘာတို့ကို လက်နက်ကိုင်တွေကို အထောက်အကူ လုပ်ပေးတဲ့ သဘော ရှိတယ်။ ဒါကတော့ လူမျိုးတူဆိုတော့ တားမရဘူးပေါ့နော်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ ပိုပြီးတော့ ထိရောက် ပြတ်သားတဲ့ ဆောင်ရွက်ချက်မျိုး ရရှိဖို့အတွက်ကို နှစ်နိုင်ငံဆွေးနွေးကြတယ်၊ သဘောတူကြတာ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်”ဟု ပြောသည်။

အိန္ဒိယ-မြန်မာ တွေ့ဆုံမှုများ မတိုင်ခင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လများအတွင်း KIA ဌာနချုပ်သို့ ချင်းညီနောင်အဖွဲ့(CB)၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ယောတပ်တော်၊ မြင်းခြံ PDF၊ NUG ဝန်ကြီးများ၊ နာဂလက်နက်ကိုင်များ စသည့် နွေဦးတော်လှန်ရေး အင်အားစုများ ဆုံဆည်း၍ KIA နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။