CNI International News

ဂျာကာတာ၊ စက်တင်ဘာ ၁

အင်ဒိုနီးရှားနိုင်ငံတွင် ဆန္ဒပြမှုများ ကျယ်ပြန့်လာခြင်းကြောင့် သမ္မတ ဘရာဘိုဝိုသည် တရုတ်ခရီးစဉ်ကို ဖျက်သိမ်း လိုက်ပြီးနောက် တရုတ်သံရုံးကလည်း အင်ဒိုနီးရှားနိုင်ငံရှိ တရုတ်နိုင်ငံသားများ လုံခြုံရေးသတိထားရန် ထုတ်ပြန်ခဲ့ သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

အင်ဒိုနီးရှားတွင် နေထိုင်သည့် တရုတ်နိုင်ငံသားများ အနေဖြင့် လူစုလူဝေးများထဲ၌ ပါဝင်ခြင်းမပြုရန် ဂျာကာတာ (Jakarta) မြို့တော်ရှိ တရုတ်သံရုံးက သတိပးချက် ထုတ်ပြန်ထားသည်။ 

အင်ဒိုနီးရှားတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ကြား အဓိကရုဏ်းများ ဆက်လက် ဖြစ်ပွားနေသဖြင့် အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို (Prabowo Subianto) သည် တရုတ်သို့ သွားရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။

“နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေ အနေနဲ့ လုံခြုံရေး သတိဝိရိယကို မြှင့်တင်ဖို့၊ ပတ်ဝန်းကျင်က အခြေအနေ တွေကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ ၊ မလိုအပ်ဘဲ အပြင်မထွက်ဖို့ ၊ ဆန္ဒပြသူတွေ၊ ဆန္ဒပြတဲ့ နေရာတွေနဲ့ ဝေးဝေးမှာနေဖို့နဲ့ လူစုလူဝေးတွေရှိတဲ့ နေရာတွေကို မသွားသင့်ပါဘူး” ဟု တရုတ်သံရုံးက ဩဂုတ် ၃၀ ရက်တွင် လူမှုမီဒီယာ၌ သတိပေးချက် ထုတ်ပြန်ခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ပရာဆက်ယို ဟာဒီ (Prasetyo Hadi) ကလည်း သမ္မတပရာဘိုဝိုသည် ပြည်တွင်း အခြေအနေများကြောင့် တရုတ်ခရီးစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။

ပရာဘိုဝိုသည် အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး အကောင်းဆုံး ဖြေရှင်းနည်းအား ဦးဆောင်ပြီး ရှာဖွေ နေကြောင်း ပရာဆက်ယိုက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားသမ္မတ ဘရာဘိုဝိုကို တွေ့ရစဉ် 

“အဲဒါကြောင့် သမ္မတက သူ အစည်းအဝေး မတက်နိုင်တော့တဲ့ အကြောင်းကို တရုတ်အစိုးရဆီ တောင်းပန်ခဲ့ပါ တယ်”ဟု ပရာဆက်ယိုက ပြောသည်။

ပရာဘိုဝိုသည် ယခင်က ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ တရုတ်နိုင်ငံ ထျန်းကျင်း (Tianjin) မြို့တွင် ပြုလုပ်မည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန်နှင့် စက်တင် ဘာ ၃ ရက်တွင် ဘေဂျင်းမြို့တော်၌ ပြုလုပ်မည့် ဖက်ဆစ်တော်လှန်ရေး အောင်ပွဲနေ့ စစ်ရေးပြ အခမ်းအနားကို တက်ရောက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

သို့သော် အစိုးရ၏ အဂတိလိုက်စားမှု၊ လွှတ်တော်အမတ်များ၏ အကျိုးခံစားခွင့်များ မြင့်မားနေမှုတို့ကြောင့် ပြည်သူများကြား ဒေါသထွက်နေကြပြီး အင်ဒိုနီးရှားနိုင်ငံ၏ မြို့များတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

ပရာဘိုဝိုကမူ အစိုးရအဖွဲ့ကို ယုံကြည်ရန်၊ စိတ်အေးအေးထားကြရန် တိုက်တွန်းခဲ့ပြီး ဆန္ဒပြမှုများတွင် သေဆုံးမှု များနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

Source: South China Morning Post