CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁
မြန်မာနိုင်ငံ၏ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက်က သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲ ကိစ္စရပ်များ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝဘေး ငလျင်ပြန်လည်ထူထောင်ရေးကိစ္စရေးများကို ဆွေး နွေးခဲ့ကြောင်း သိရသည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဗိုလ်ချုပ်မှူးကြီးတို့သည် ၂၀၂၅ ခုနှစ်၊ ဧပြီ ၄ ရက်ကလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေး တက်ရောက်ကာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသေးသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက်က တရုတ်နိုင်ငံ တီယန်ကျင်းမြို့သို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောရေရှိစဉ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့သည် တရုတ်နိုင်ငံ၊ ထျန်းကျင်းမြို့မှာ ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025) ကို တက်ရောက်ရန်နှင့် ဘေဘေင်းမြို့မှာ ကျင်းပမည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကိုလည်း တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေကြခြင်းဖြစ်သည်။