နယူးဒေလီ၊ ဒီဇင်ဘာ ၂၂
အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဟာ့ရှ်ဘတ်ဟန်ရှရင်ဂလာသည် ဒီဇင်ဘာ ၂၂ ရက်(ယနေ့)တွင် မြန်မာနိုင်ငံသို့ လာရောက်၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် လုံခြုံရေးကိစ္စရပ်များ ဆွေးနွေးကြမည်ဟု အိန္ဒိယနိုင်ငံထုတ် ဟိန္ဒူစတန်တိုင်းမ် သတင်းဌာနမှ ဖော်ပြထားသည်။
မစ္စတာ ရှရင်ဂလာ၏ ယခုခရီးစဉ်သည် ဒီဇင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ ဖြစ်ပြီး မြန်မာနိုင်ငံတွင် အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် နစက အုပ်ချုပ်နေစဉ်အတွင်း အိန္ဒိယအစိုးရဘက်မှ ပထမဆုံးခရီးစဉ်ဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနက ကြေညာခဲ့သည်။
၎င်း၏ခရီးစဉ်အတွင်း ရှရင်ဂလာသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူမှု အဖွဲ့ အစည်းများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ပရေးရာဝန်ကြီးဌာန၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှု၊ နှစ်နိုင်ငံလုံခြုံရေးနှင့် အိန္ဒိယ-မြန်မာနယ်စပ်အရေး၊ မြန်မာ့နိုင်ငံရေး အခြေအနေတို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း အဆိုပါ ကြေညာချက်က ဆက်လက်ဖော်ပြသည်။
ပုံ- မစ္စတာရှရင်ဂလာနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုတွေ့ရစဉ်။
ရှရင်ဂလာသည် အိန္ဒိယကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အမ်အမ်နာရာဗင်း (MM Naravane) နှင့်အတူ ယမန်နှစ် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ နောက် ဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့သည်။ ထိုစဉ်က နှစ်နိုင်ငံစလုံးမှ လုံခြုံရေးဆိုင်ရာ ချိတ်ဆက်လုပ်ကိုင်သည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြသည်။
အတုအယောင် ရုံးထုတ်စစ်ဆေးခြင်းအဖြစ် မီဒီယာများ၌ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည့် Covid-19 ဆိုင်ရာ ကန့်သတ် ချက်များ လှုံ့ဆော်မှုနှင့် အခြားဖောက်ဖျက်မှု စွဲချက်များဖြင့် ရာထူးမှဖယ်ရှားခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်အပေါ် အိန္ဒိယက စိုးရိမ်မကင်းဖြစ်မိကြောင်း ဒီဇင်ဘာ ၇ ရက်တွင် ပြသခဲ့သည်။
အဖွဲ့ဝင် ၁၀ နိုင်ငံပါသည့် အာဆီယံ၏ကြိုးပမ်းမှုများသည် လက်ရှိဥက္ကဋ္ဌ ကမ္ဘောဒီးယားက နစကနှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံရန် လှုပ်ရှားမှုကြောင့် ထိခိုက်နစ်နာခဲ့ရသော် လည်း အိန္ဒိယသည် မြန်မာ့အရေးနှင့်ပတ်သက်၍ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)အတွက် အဓိကအခန်းကဏ္ဍမှ ကျောထောက်နောက်ခံပေးထားသည်။
မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် အာဆီယံအတွင်းရေးမှူးချုပ်၏ တောင်း ဆိုချက်ကို တုံ့ပြန်သည့် အနေဖြင့် အိန္ဒိယသည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံသို့ Covid-19 နှင့်ဆက်စပ်သည့် ကယ်ဆယ် ရေး ပစ္စည်းများကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်က ပေးအပ်ခဲ့ပြီးဖြစ်သည်။
အဆိုပါ ထောက်ပံ့မှုသည် Covid-19 ဆိုင်ရာ အာဆီယံ တုံ့ပြန်မှု ရန်ပုံငွေသို့ ဒေါ်လာ ၁ သန်း လှူဒါန်းမှုအပြင် အပိုဆောင်း ထောက်ပံ့ခဲ့ခြင်းဟု သိရသည်။
Source: Hindustan Times