CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၇
နာဂဒေသအတွင်း ရွေးကောက်ပွဲအား လုံးဝ လက်ခံမည်မဟုတ်သည့်အတွက် ရွေးကောက်ပွဲ ကာလအတွင်း ဖြစ်ပေါ်လာနိုင်သော အသက်အန္တရာယ်ကို အာမမခံဘူးဟု နာဂဒေသ(ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ၌ မြန်မာ့တပ်မတော်က ကျင်းပရန် ကြံစည်းနေသော အတုအယောင် ရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင် မည့် မည်သည့်ပါတီမဆို လူပုဂ္ဂိုလ်မဆို နာဂဒေသအတွင်း ပဋိပက္ခများကိုသာ တိုးပွားလာစေမည့်အပြင် မတည် ငြိမ်မှုများ ပိုမိုပေါ်ပေါက်လာစေမည် ဖြစ်သောကြောင့် နာဂဒေသ(ပကဖ)အထူး တိုက်ခိုက်ရေးတပ်ဖွဲ့ အနေဖြင့် အတုအယောင် ရွေးကောက်ပွဲအား လုံးဝ လက်ခံမည်မဟုတ်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
၎င်းအဖွဲ့က “ ရွေးကောက်ပွဲကာလအတွင်း ဖြစ်ပေါ်လာနိုင်သော အသက်အန္တရာယ်များ၊ အိုးအိမ်ပစ္စည်းဆုံးရှုံး မှုများကို ရွေးကောက်ပွဲတွင် တိုက်ရိုက် ပါဝင်ယှဉ်ပြိုင်သူများ သို့မဟုတ် အဆိုပါ လှုပ်ရှားမှုများနှင့် ပူးပေါင်း ဆောင်ရွက်သူများကသာ တာဝန်ခံရမည်ဖြစ်ပြီး နောက်ဆက်တွဲ ပြဿနာများကိုလည်း လုံးဝ(လုံးဝ) တာဝန် ယူမည် မဟုတ်ပါ”ဟု ပြောသည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေး ရေးဥပဒေကို တွေ့ရစဉ်
ထို့ကြောင့် နာဂဒေသအတွင်း မြန်မာ့တပ်မတော်၏ ရွေးကောက်ပွဲတွင် ပါဝင် ရွေးချယ်ခံမည့် သူများနှင့် ရွေး ကောက်ပွဲ ဖြစ်မြောက်ရန် ကူညီဆောင်ရွက်သူများ၏ လုံခြုံရေးကို လုံးဝ အာမခံချက်ပေးမည် မဟုတ်ကြောင်း အသိပေး ကြေညာချက်ထုတ် ပြန်လိုက်သည်ဟု နာဂဒေသ(ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က ထုတ်ပြန် ခဲ့သည်။
ထိုအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ အပိုင်း(၁) အနေဖြင့် မြို့နယ်ပေါင်း ၁၀၂ မြို့ နယ်မှာ ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။
အဆိုပါ ၁၀၂ မြို့နယ်အတွင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လေရှီး၊ လဟယ်၊ နန်းယွန်း ၃ မြို့နယ်စလုံး ပါဝင်သည်။
NUG ခေါင်းဆောင်များကိုတွေ့ရစဉ်
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု တိုင်းရင်းသားလက်နက်ကိုင် တချို့၊ NUG၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့က ထုတ်ပြန်ကြေညာထား သည်။
ထို့ကြောင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေး ရေးဥပဒေကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြဋ္ဌာန်းခဲ့သည်။
အဆိုပါ ဥပဒေအရ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးနှင့် လူသေဆုံးအောင်လုပ်လျှင် ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်မှ အနည်းဆုံး တစ်သက်တစ်ကျွန်းအပြင် သေဒဏ်ထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းပါရှိသည်။