CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၈
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အရှေ့နာဂအမျိုးသားများကာကွယ်ရေးတပ်မတော်(ENDA)တို့ ပူးပေါင်း ၍ နာဂလူငယ်များကို ဖမ်းဆီးနေသည်ဟု နာဂကျောင်းသားများအဖွဲ့အစည်း(NSO)မှ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၈ ရက်နေ့ က ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၇ နှင့် ၃၀ ရက်တွင် KIA သည် မိမိတို့ မိတ်ဖက်အဖွဲ့ဖြစ်သော ENDA နှင့် ပူးပေါင်း၍ ရှင်ဗွေ ယန်မြို့နယ်အတွင်းရှိ နာဂလူငယ်အချို့ကို တောင်ယာစိုက်ပျိုးရေး၊ လယ်ယာသို့ သွားရာလမ်းများနှင့် သစ်ထုတ် လုပ်ရာနေရာများ၌ လူငယ် ၃၀ ဦးထက်မနည်း အင်အားသုံး ဖမ်းဆီးခဲ့ကြောင်း NSO က ထုတ်ပြန်ခဲ့သည်။
KIA နှင့် ENDA အဖွဲ့များအနေဖြင့် နာဂပြည်သူလူထုအပေါ် ယင်းကဲ့သို့ အကြမ်းဖက် ပြုမူခြင်းအား နာဂကျောင်းသားများအဖွဲ့အစည်း(NSO)မှ များစွာ စိတ်ပျက်မိကြောင်း ထုတ်ပြန် ပြောကြားခဲ့သည်။