CNI News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁

ထိုင်းဝန်ကြီးချုပ်တာဝန်ကနေ ဆိုင်းငံ့ခံလိုက်ရ၍ ဝန်ကြီးချုပ်အိမ်တော်ကနေ ပေတုန်တန်သည် ဇူလိုင် ၁ ရက်က ထွက်ခွာသွားခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြခဲ့သည်။

ပေတုန်တန်ကို ထိုင်းတရားရုံးက ဝန်ကြီးချုပ် တာဝန်ကို ခုံရုံးတင် စစ်ဆေးနေစဉ်အတွင်း ရပ်နားထားရန် ဆုံးဖြတ် ခဲ့ကြောင်း ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့နောက် ပေတုန်တန်သည် ဝန်ကြီးချုပ် အိမ်တော်ကနေ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ် အငြင်းပွားမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ပေတုန်တန်သည် ကမ္ဘောဒီးယားဝန် ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်းဆက်သွယ် ပြောကြားမှု အသံဖိုင် ပေါက်ကြားလာခဲ့ခြင်းကြောင့် ထိုင်းအမျိုးသား ရေးဝါဒီများက ရာထူးကနုတ်ထွက်ရန် ဆန္ဒပြတောင်းဆိုနေကြသည်။

ထို့နောက် ပေတုန်တန်ကို ခုံရုံးတင် စစ်ဆေးရန် တရားရုံးက ဆုံးဖြတ်ခဲ့သည့်အတွက် ဝန်ကြီးချုပ် တာဝန်ကို ယာယီဆိုင်းငံ့ထားကြောင်း ထုတ်ပြန်ခဲ့သည်။