CNI International News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇
အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအရှိန်မြင့်တတ်လာနေခြင်းကြောင့် အစ္စရေးနိုင်ငံအတွင်းကနေ တရုတ်နိုင်ငံသား များ ထွက်ခွာကြရန် အစ္စရေးနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန် ကြေညာခဲ့သည်။
တရုတ်နိုင်ငံသားများ အနေဖြင့် အစ္စရေး နိုင်ငံအတွင်းကနေ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာကြရန်နှင့် ကုန်းလမ်းခရီးကို အသုံးပြု၍ ထွက်ခွာကြရန်လည်း တရုတ်သံရုံးက တိုက်တွန်းထားသည်။
အစ္စရေးသည် အီရန်နိုင်ငံကို ဇွန်လ ၁၂ ရက်က စတင်၍ ဒုံးကျည်များ ပစ်လွှတ်၍ တိုက်ခိုက်ခဲ့ခြင်းကြောင့် အီရန် စစ်ဗိုလ်ချုပ်ကြီး ၃ ဦးသေဆုံးခဲ့သည်။
အစ္စရေးနိုင်ငံကို တွေ့ရစဉ်
ထို့နောက် အစ္စရေးသည် အီရန်နိုင်ငံပိုင် သတင်းဌာနကိုလည်း ဇွန်လ ၁၆ ရက်က တိုက်ခိုက်ခဲ့သလို အီရန်ဘာသာ ရေး ခေါင်းဆောင် ခါမေလီကိုလည်း သတ်ဖြတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံသို့ အစီအစဉ် တင်ပြခဲ့ သည်။
အဆိုပါ အခြေအနေများကြား အီရန်ဘက်ကလည်း အစ္စရေးနိုင်ငံကို ဒရုန်း အစင်း ၁၀၀ ကျော်ဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့သည်။
အစ္စရေးနှင့်အီရန်ကြား ဖြစ်ပွားနေသော စစ်ပွဲကို ရပ်တန့်ရန်နှင့် ဆွေးနွေးကြရန် G-7 ခေါင်းဆောင်များက တိုက်တွန်းလျက်ရှိသည်။