CNI International News

အန်ကာရာ၊ ဒီဇင်ဘာ ၁၃

အင်တာနက် သုံးစွဲသူများအကြား လူမှုမီဒီယာကွန်ရက်များသည် ယနေ့ဒီမိုကရေစီကို ခြိမ်းခြောက်မှု၏ အဓိက အကြောင်း ရင်းများထဲမှ တစ်ခုဖြစ်သည်ဟု တူရကီသမ္မတအာဒိုဂန်က ပြောသည်။

အဆိုပါပလက်ဖောင်းများသည် ဆင်ဆာဖြတ်တောက်ခြင်း မရှိသဖြင့် ထိရှလွယ်သူများကို ကာကွယ်ရန် ခက်ခဲစေသည်ဟု တူရကီသမ္မတ အာဒိုဂန်က ပြောကြားခဲ့ကြောင်း အေပီသတင်းကို ကိုးကားလျက် rt.com က ရေးသားဖော်ပြသည်။

လူမှုမီဒီယာများသည် လွတ်လပ်မှု၏ သင်္ကေတ တစ်ခုအဖြစ် ကနဦးက ရေပန်းစားခဲ့သော်လည်း ၎င်းတို့သည် ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ဖြစ်လာကြောင်း သမ္မတအာဒိုဂန်က ဒီဇင်ဘာ ၁၁ ရက်၌ ကျင်းပသည့် ဆက်သွယ်ရေး ကွန်ဖရင့်တစ်ခုတွင် ဗီဒီယိုမက်ဆေ့ချ်ဖြင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ နိုင်ငံသားတွေ၊ အထူးသဖြင့် ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ ထိရှလွယ်တဲ့ အစိတ်အပိုင်းတွေကို ကာကွယ်ဖို့ ဖြစ်ပါ တယ်။ ကျနော်တို့ နိုင်ငံသားတွေအတွက် တိကျမှန်ကန်ပြီး သမာသမတ်ကျတဲ့ သတင်းအချက်အလက် ကြားသိခွင့်ကို မချိုး ဖောက်ဘဲနဲ့ လိမ်လည်တာတွေ၊ မဟုတ်မမှန် သတင်းတွေကို ဆန့်ကျင်ကာကွယ်ပေးဖို့ ကျနော်တို့ ကြိုးစားနေပါတယ်” ဟု အာဒိုဂန်က ဆက်လက် ပြောကြားခဲ့သည်။

တူရကီနိုင်ငံတွင် ယမန်နှစ်မှစ၍ သုံးစွဲသူ ၁ သန်းကျော် ရရှိထားသည့် လူမှုမီဒီယာကုမ္ပဏီများသည် အချက်အလက် (data) သိမ်းဆည်းရန်နှင့် ပြည်တွင်း၌ တရားဝင်ကိုယ်စား လှယ်ထားရှိရန် လိုအပ်လာခဲ့သည်။

ပုံ-တူရကီက ဆိုရှယ်မီဒီယာကိုထိန်းချုပ်မည်။ ( Photo - AFP )

အစိုးရအမိန့်ဖြင့် Facebook, YouTube နှင့် Twitter တို့ကို တူရကီပြည်တွင်း၌ ဂြိုဟ်တုအခြေစိုက်ရုံးများ လာရောက် ဖွင့်လှစ် ကြရန် ဆွဲဆောင်ခဲ့သည်။

လူမှုမီဒီယာ ပလက်ဖောင်းများနှင့် ထိုပလက်ဖောင်းများကို သုံးစွဲသူ သန်းပေါင်းများစွာတို့အတွက် အတည်ပြုရန် ခက်ခဲသော သတင်းအမှားများ ပျံ့နှံ့ခြင်းကို တားမြစ်မည့် ဥပဒေတစ်ရပ် ထုတ်ပြန်ရန်လည်း တူရကီအစိုးရက စဉ်းစားနေသည်။

အထက်ပါ အဓိကပလက်ဖောင်း ၃ ခုစလုံးသည် Covid-19 ကပ်ရောဂါ စတင်သည့် အချိန်ကတည်းက ဆင်ဆာဖြတ်တောက်မှု သိသိသာသာ တင်းကျပ်လာခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်က အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပစဉ်အတွင်းကမူ အကန့် အသတ်မဲ့ စိတ်ကူးများကို ထပ်တလဲလဲ ကြေညာခဲ့ကြသည်။

အကယ်၍ ယင်းဥပဒေကို အတည်ပြုခဲ့လျှင် အစိုးရကိုယ်စား သတင်းအမှားများ တင်ထားသည့် ပို့စ်များကို တရားဝင် ရှုတ်ချ နိုင်သော လူမှုမီဒီယာဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အနေအထားတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်သည်။ ရိုင်းစိုင်း ကြမ်းတမ်း သော အကြောင်းအရာများကို အသစ်ရေးသား လွှင့်တင်သူများအနေဖြင့် ယင်းဥပဒေအရ ထောင်ဒဏ် ၅ နှစ်အထိ ကျခံနိုင် မည်ဟု သိရသည်။

တူရကီမီဒီယာလောက၏ ရာသီဥတုသည် အစိုးရက အလွန်အမင်း ပါဝင်စွက်ဖက်နေခြင်းကြောင့် ဝေဖန်ခံနေရသည်။

Freedom House ကဲ့သို့ သတင်းလွတ်လပ်ခွင့်အတွက် ၎င်းတို့ဘာသာ ခန့်အပ်ထားသော မီဒီယာထိန်းကျောင်းသူဟု ပြောသူ များသည် အာဒိုဂန်အစိုးရကို ထိုးနှက်သည့် အ ကြောင်းအရာများအား ဖယ်ရှားခဲ့သည့်အပြင် လူမှုမီဒီယာတွင် ၎င်းတို့မလိုလား သော ထင်မြင်ချက် တင်သူများကို တရားစွဲဆိုခြင်းရှိလာခဲ့၍ ထိုလုပ်ရပ်များအတွက် အာဒိုဂန်အစိုးရအပေါ် ဝေဖန်မှု များပြား လာခဲ့သည်။

Source: AP, rt.com