CNI International News

ဒါကာ ၊ မေလ ၁၇

အမေရိကန်သည် ကန့်လန့်ကာ နောက်ကွယ်တွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေမှုနှင့်အတူ ဘင်္ဂလားဒေ့ရှ်တွင် ကြီးမားသည့် ပထဝီနိုင်ငံရေး အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ကြောင်း india သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ထိုလှုပ်ရှားမှု နောက်ကွယ်မှ အဓိက မဟာဗျူဟာ ပညာရှင်ဟု ပြောနိုင်သလို မဟာကစားပွဲ (Great Game) အသစ်ဟု တစ်ခါတစ်ရံတွင် ရည်ညွှန်းပြောဆိုခဲ့သည်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်အစိုးရသည် ရွေးကောက်ခံရသည့် အစိုးရမဟုတ်ဘဲ အစ္စလာမ်မစ် အယူဝါဒများကို မြှင့်တင် နေသည့်အတွက် ဝေဖန်ခံခဲ့ရသည်။

အမေရိကန်နှင့် ကုလသမဂ္ဂတို့၏ ကျောထောက်နောက်ခံနှင့်အတူ မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်အထိ ရှည်လျား သည့် လူသားချင်း စာနာထောက်ထားမှု စင်္ကြံတစ်ခုကို ထူထောင်ရန် စီစဉ်နေသည်။

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီကို တွေ့ရစဉ်

ထိုဆုံးဖြတ်ချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဝေဖန်ခဲ့ကြသော်လည်း အမေရိကန်၏ ပါဝင်ပတ်သက်မှု အကြောင်းကို ပြောကြားသူများမှာ အနည်းငယ်သာရှိခဲ့သည်။

အိန္ဒိယ၏ ကာကွယ်ရေးကျွမ်းကျင်သူ ဘရာမာ ချန်လာနေး (Brahma Chellaney) က လက်ရှိတွင် AA သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထိစပ်နေသည့် ၂၇၁ ကီလိုမီတာအရှည်ရှိ နယ်စပ်ဒေသတစ်ခုလုံး အပါအဝင် ရခိုင်ပြည်နယ်၏ နယ်မြေအများအပြားကို ထိန်းချုပ်ထားသည့် အချက်ကို ထောက်ပြခဲ့သည်။

စိတ်ဝင်စားစရာ ကောင်းသည့်အချက်မှာ မကြာသေးမီက ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာခဲ့ကြသည့် ဘင်္ဂါလီဒုက္ခ သည်များသည် မြန်မာ့တပ်မတော်၏ တိုက်ခိုက်မှုကြောင့် မဟုတ်ဘဲ AA ၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာ ခဲ့ကြခြင်းဖြစ်သည်။

အံ့အားသင့်စရာ အလှည့်အပြောင်းတစ်ခုမှာ ထိုဘင်္ဂါလီ တိုက်ခိုက်ရေး သမားများသည် အကာအကွယ်ရရှိရန် အတွက် တစ်ချိန်က ရန်ဘက်ဖြစ်သည့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့များနှင့် မဟာမိတ်ပြုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အဆိုပြုထားသည့် လူသားချင်း စာနာထောက်ထားမှုစင်္ကြံသည် အထောက်အပံ့များပေးရေး ရည်ရွယ်ချက်တစ်ခုသာ မဟုတ်ဘဲ အမေရိကန် ဦးဆောင်သည့် ပထဝီနိုင်ငံရေး မဟာဗျူဟာ၏ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်နိုင်သည်။

ထိုစင်္ကြံကို ဘင်္ဂါလီများကို ကူညီပေးရန်အတွက်သာ မဟုတ်ဘဲ အမေရိကန်၏ အစီအစဉ်ဖြင့် သူပုန်များကို စစ်ရေး အထောက်အပံ့ပေးရန် အသုံးပြုပြီး မြန်မာ့တပ်မတော်ကို ဆန့်ကျင်သည့် ကြားခံစစ်ကို မီးထိုးလှုံ့ဆော်ရန် ရည်ရွယ်ချက်ဖြင့် အသုံးပြုမည့် အလားအလာအပေါ် စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

AA ခေါင်းဆောင်များကို တွေ့ရစဉ်

အမေရိကန်သည် မြန်မာနိုင်ငံအတွင်းရှိ သောင်းကျန်းသူ အဖွဲ့များကို အသက်မသေစေနိုင်သည့် ကူညီထောက်ပံ့မှု  ဒေါ်လာ သန်း ၄၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပြီး ထိုထောက်ပံ့မှုများအနက် အိန္ဒိယ၏ မဏိပူရပြည်နယ်တွင် တွေ့ရှိရ သည့် လက်နက်များလည်း ပါဝင်နိုင်ခြေရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းတွင်လည်း ထိုအခြေအနေများအပေါ် စိုးရိမ်မှုများ မြင့်တက်နေပြီး အတိုက်အခံ BNP ပါတီကမူ ရွေးကောက်ခံ မဟုတ်သည့် အစိုးရအဖွဲ့သည် ထိုကဲ့သို့ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်ကို မည်သို့ မည်ပုံ သဘောတူခဲ့သနည်းဆိုခြင်းကို မေးခွန်းထုတ်နေသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အများစုကလည်း ၎င်းတို့နိုင်ငံသည် ကိုယ်ပိုင်အကျိုးစီးပွား အတွက်မဟုတ်ဘဲ အန္တရာယ် များသည် ပထဝီနိုင်ငံရေးကစားပွဲထဲ ဆွဲခေါ်ခံနေရမှုကို စိုးရိမ်ထိတ်လန့်နေကြသည်။

ထိုအခြေအနေသည် ရခိုင်ပြည်နယ်မှဖြတ်ပြီး အိန္ဒိယ၏ အရှေ့မြောက်ပိုင်း ပြည်နယ်များကို ဘင်္ဂလား ပင်လယ် အော်နှင့် ချိတ်ဆက်လိုသည့် အိန္ဒိယ၏ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းကို (KMMTTP) အတွက်လည်း တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်နေသည်။

မြန်မာ့တပ်မတော်အပေါ် အမေရိကန်၏ ရန်လိုမှုသည် မြန်မာ့တပ်မတော်နှင့် တရုတ်ကြား ဆက်ဆံရေးကြောင့် ဖြစ်သည်။ 

တရုတ်၏ အကူအညီဖြင့် မြန်မာနိုင်ငံသည် ဘင်္ဂလားပင်လယ်အော်ကို အရေးကြီးသည့် မဟာဗျူဟာမြောက် အားသားချက်ရရန် တရုတ်အတွက် မုခ်ဝတစ်ခု ကမ်းလှမ်းထားသည်။

ရုရှားသည်လည်း မြန်မာနိုင်ငံတွင် ၎င်း၏ တည်ရှိမှုကို ချဲ့ထွင်နေသည်။ ထိုအခြေအနေများက ဒေသတွင်း အမေရိကန်၏ ဩဇာလွှမ်းမိုးမှုအတွက် အဓိက စိန်ခေါ်မှုများအဖြစ် ရှုမြင်နိုင်သည်။

Source: India.com