CNI International News

ဘေဂျင်း၊ မတ်လ ၂၁

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် အကြီးစား အဆင့်မြှင့်တင် မွမ်းမံမှုများကို ပြုလုပ်နေချိန် တွင် တစ်ဖက်တွင်လည်း တရုတ်စစ်တပ်က ၎င်း၏ ဘတ်ဂျက်အား အာရုံစိုက်ထားပြီး အရာရှိများကမူ ကုန်ကျ စရိတ်များကို ထိန်းချုပ်ခြင်းသည် အရေးကြီးကြောင်း အလေးထား ပြောကြားနေကြသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

“ကျနော်တို့ နိုင်ငံရဲ့ စီးပွားရေးက ပိုပြီးအားကောင်းလာပါတယ်။ ဒါပေမယ့် စစ်တပ်ရဲ့ အခက်အခဲနဲ့ စစ်တပ် အသွင်ပြောင်းဖို့အတွက် ပြင်ဆင်မှုတွေဟာ ခက်ခဲပါတယ်။ ငွေကြေးသုံးစွဲဖို့ လိုအပ်တဲ့ နေရာတွေ အများကြီး ရှိနေပါတယ်” ဟု ရှန်တုံ (Shandong) ပြည်နယ်ရှိ အရံတပ်ဖွဲ့က PLA Daily သတင်းစာ၏ အတွေးအမြင်ကဏ္ဍ တွင် ပြောကြားခဲ့သည်။

အကန့်အသတ်ရှိသည့် အရင်းအမြစ်များကို စစ်ပွဲအတွက် ပြင်ဆင်ရေးနှင့် တိုက်ပွဲကဏ္ဍအပေါ်တွင် အာရုံစိုက်သင့် ကြောင်း၊ တိုက်ခိုက်ရေးတပ်ဖွဲ့ အသစ်များနှင့် တိုက်ခိုက်ရေး စွမ်းဆောင်ရည်များ အရေးတကြီး လိုအပ်နေကြောင်း အရံတပ်ဖွဲ့က ပြောကြားခဲ့သည်။

PLA အနေဖြင့် စီးပွားရေးအရ ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည့် ကုန်ကျစရိတ် များပြားသည့် အရာများကို မလုပ်သင့် ကြောင်းလည်း ကျန်းကျိကန် (Zhang Zikun) အမည်ရှိ ကျွမ်းကျင်သူက အခြားဆောင်းပါးတစ်ပုဒ်တွင် တိုက်တွန်း ရေးသားထားသည်။

တရုတ် ယွမ်ငွေကြေးကို တွေ့ရစဉ်

မိမိတို့ အနေဖြင့် ငွေကြေးသုံးစွဲမည့် ပမာဏကို တိုက်ပွဲအတွက် ထိရောက်မှုရှိစေသည့် စံသတ်မှတ်ချက်တစ်ခု အနေဖြင့် အသုံးပြုရမည်ဟုလည်း ကျန်းက ရေးသားခဲ့သည်။

PLA Daily သတင်းစာကမူ ကျန်းသည် မည်သူမည်ဝါဖြစ်ကြောင်း အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိသော်လည်း ယခင် သတင်းများအရ သူသည် စစ်တပ်၏ ကြည်းတပ်အရာရှိ တစ်ဦးဖြစ်ကြောင်း ဖော်ပြခဲ့သည်။

PLA အနေဖြင့် မည်သူက ငွေကြေးများကို သုံးစွဲနေသည်ကို အနီးကပ် စောင်ကြည့်ရုံသာမက၊ မည်မျှသုံးစွဲခဲ့သည် ဆိုခြင်းနှင့် ထိုအသုံးစရိတ်သည် စည်းကမ်းများနှင့် ကိုက်ညီမှု ရှိ၊မရှိကိုပါ အနီးကပ် စောင့်ကြည့်ရမည်ဖြစ်ကြောင်း ကျန်းက ပြောသည်။

တရုတ်တင့်ကားကို တွေ့ရစဉ်

ထို့ပြင် ထိုကဲ့သို့ အသုံးပြုခဲ့သည့် ငွေကြေးများသည် အရေးပေါ် စစ်ဆင်ရေးဆိုင်ရာ လိုအပ်ချက်များ၊ စီမံကိန်း ဆိုင်ရာ လိုအပ်ချက်များနှင့် တိုက်ပွဲအတွက် ထိရောက်မှုတို့ကို မြင့်တက်စေခြင်း အစရှိသည့် အချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိကိုပါ လေ့လာသုံးသပ်သင့်သည်ဟု ဆိုသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ကလည်း ယခုလတွင် ပြုလုပ်ခဲ့သည့် လွှတ်တော် အစည်းအဝေးအတွင်း PLA အနေဖြင့် ကာကွယ်ရေး အရင်းအမြစ်များ၌ ငွေကြေး အသုံးပြုရန်အတွက် ငွေကြေးခွဲတမ်းချမှုကို သိပ္ပံ နည်းကျ လုပ်ဆောင်သင့်ကြောင်း၊ ထိုသို့ လုပ်ဆောင်မှသာ ငွေကြေးများကို တိကျစွာ အသုံးပြုနိုင်လိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: South China Morning Post