CNI International News

ဟောင်ကောင်၊ မတ်လ ၂၄

တရုတ်၏ စစ်ရေးခြိမ်းခြောက်မှုများ မြင့်တက်နေသည့်တိုင် ရေလက်ကြားဖြတ်ကျော် ပဋိပက္ခဖြစ်ပွားလာနိုင်သည့် အချိန်တွင် ထိုင်ဝမ်လူငယ်များသည် တိုက်ခိုက်မည့်လမ်းကို ရွေးချယ်လိမ့်မည် မဟုတ်ကြောင်း South China Morning Post က ပြုလုပ်ခဲ့သည့် အလွတ်သဘော အင်တာဗျူးများ၌ ဖော်ပြခဲ့သည်။

အင်တာဗျူး အများအပြားတွင် ထိုင်ဝမ်လူငယ်များသည် အသက်အန္တရာယ်ရှိသည့် စစ်ပွဲ၏ သဘောသဘာဝနှင့် တရုတ်ပြည်မကြီးနှင့်နှိုင်းယှဉ်ပါက စစ်ရေးအင်အားနည်းနေသော ထိုင်ဝမ်စစ်တပ်၏ အားနည်းချက်များကြောင့် တိုက်ပွဲဝင်ရန် တွန့်ဆုတ်နေသည့် ရလဒ်များကို မြင်တွေ့ခဲ့ရသည်။

ထို့ပြင် အမေရိကန် သို့မဟုတ် ဂျပန်ကဲ့သို့သော ထိုင်ဝမ်၏ မဟာမိတ်များက ထိုင်ဝမ်ဘက်မှ ဝင်ရောက်ကူညီ ပေးမည့် ဖြစ်နိုင်ခြေ၊ ထိုင်ဝမ်၏ ကြိုတင်ပြင်ဆင်ခြင်း ကင်းမဲ့မှု၊ လာမည့် ၅ နှစ်အတွင်း စစ်ပွဲဖြစ်ပွားလိမ့်မည် မဟုတ်ဆိုသည့် ခန့်မှန်းချက်များကို မယုံကြည်ကြကြောင်း အင်တာဗျူးများတွင် ဖော်ပြခဲ့သည်။

စစ်ရေးလေ့ကျင့်နေစဉ်

“တခြား ရွေးစရာ အခြေအနေတစ်ခု ရှိမယ်ဆိုရင်တော့ စစ်မတိုက်ချင်ဘူး။ စစ်ပွဲဆိုတာက သေရေးရှင်ရေးကိစ္စ ကြီးလေ”ဟု တိုင်ပေအခြေစိုက် အားကစားသမားများအတွက် ဖြည့်စွက်စာ ရောင်းချသည့် ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်သော အသက် ၂၅ နှစ်အရွယ်ရှိ ယူပိုချန်း (Yu Po-cheng) က ပြောသည်။

“ဒါပေမယ့် ရေလက်ကြား ဖြတ်ကျော် စစ်ပွဲဖြစ်လာလို့ စစ်စည်းရုံးမှု ကြေညာတဲ့အချိန်မှာ ကျနော်တို့ အရွယ်တွေ က စစ်မှုထမ်းဖို့ ကျိန်းသေ ခေါ်ဆောင်ခံရပါလိမ့်မယ်။ ဆိုလိုချင်တာက ကျနော်တို့ သဘောဆန္ဒ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ စစ်ထဲကို ဝင်ရပါလိမ့်မယ်”ဟု ယူက ပြောကြားခဲ့သည်။

ယူ၏ လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်သည့် လုယီဝေ (Lu Yi-wei) ကလည်း ထိုင်ဝမ်ကို ကာကွယ်ရေးသည် မိမိတို့ အရံတပ်ဖွဲ့ဝင် အားလုံး၏ တာဝန်ဖြစ်ကြောင်း၊ သို့သော်လည်း  တာဝန်သာမရှိခဲ့ပါက တိုက်ခိုက်ချင်စိတ် မရှိ ကြောင်း ပြောကြားခဲ့သည်။

Source: South China Morning Post