CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၀

ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်ပါက ကဏ္ဍကောစ လုပ်မနေနှင့် ပူးပေါင်းဆောင်ရွက်ဖို့ပဲ လိုသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ရုရှားနှင့်ဘယ်လာရုစ် နိုင်ငံများသို့ တရားဝင် ချစ်ကြည်ရေးခရီးသွားရောက်ပြီး မတ်လ ၉ ရက်က မြန်မာနိုင်ငံသို့ ပြန်လာစဉ် လေယာဉ်ပေါ်၌ မီဒီယာတချို့၏ မေးမြန်းမှုကို ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲလုပ်မယ်လို့ ကျနော်ပြောခဲ့တာ ရှိတယ်။ ဒါကို ကျနော်တို့ ခိုင်ခိုင်မာမာလုပ်မှာပါ။ ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်လို့ရှိရင် ကဏ္ဍကောစ လုပ်မနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲလိုပါတယ်။ အဲဒါလုပ်မယ်ဆိုလို့ရှိရင် ကျနော်တို့နိုင်ငံ မုချ
အောင်မြင်ရမယ်ဗျ။ မုချအောင်မြင်ရမယ် ကျနော်ဒါကို ပြောရဲပါတယ်။ ပြည်သူတွေကို ကျနော် ဒါလေးတော့ ကျနော့်ဘက်က သဘော ထားပေါ့ဗျာ”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ ကျင်းပသွားရန် စီစဉ်ထားကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၇ ရက်က ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုကို တွေ့ရစဉ်

နစကနှင့် မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး ကြိုးပမ်းနေသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(PDF)နှင့် တိုင်းရင်းသား လက်နက်ကိုင်တချို့ကတော့ နစကကျင်းပမည့် ရွေးကောက်ပွဲကို မပျက် ပျက်အောင် ဖျက်ဆီးမည်ဟု ထုတ်ပြန် ကြေညာထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း၌ မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အင်အားစုများကြား တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွးနေပြီး မြို့နယ်ပေါင်း ၉၀ ကျော်နှင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)တို့ကို မြန်မာ့တပ်မတော်က လက်လွတ်ထားရသည်။

ထို့ကြောင့် နစကသည် ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ၁၆၇ မြို့နယ် သို့မဟုတ် မြို့နယ် ၈၀ ကျော်မှာသာ ကျင်းပနိုင်ခြေရှိကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။