CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၄
ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မော်စကိုမြို့ရှိ အညတရ စစ်သည် ဂူဗိမာန်၌ မတ်လ ၄ ရက်နေ့ နံနက်က လွမ်းသူပန်းခွေချ အလေးပြုခဲ့ကြောင်း သိရသည်။
ထို့နောက် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်သို့ ရောက်ရှိစဉ် မော်စကို တပ်နယ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
လမ်းသူပန်းခွေချ အလေးပြုစဉ် အချိန်ဥ ရုရှားနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က မြန်မာနိုင်ငံ၏ နိုင်ငံတော်သီချင်းအား တီးမှုတ်ကြသည်။
ထို့နောက် နစကဥက္ကဋ္ဌသည် ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကို ခံယူခဲ့သည်။