CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းကြိုင်ရွာကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဝင်ရောက်လာပြီး တစ်အိမ်တက်ဆင်းလုပ်ကာ ဒေသခံ ၅၆ ဦးကို စစ်သားစုဆောင်းရေးအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
KIA တပ်ဖွဲ့သည် ဖေဖော်ဝါရီ ၂၀ ရက်နေ့က ပင်းကြိုင်ရွာအတွင်း ဝင်ရောက်လာပြီး တစ်အိမ်တက်ဆင်းလုပ်ကာ စစ်သားစုဆောင်းရေး လုပ်နေသည်။
KIA က ဖမ်းဆီးသွားသော ပင်းကြိုင်ရွာက ဒေသခံ ၅၆ ဦးတွင် အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၅၁ ဦးပါဝင်ကြောင်း၊ အမျိုးသားများသည် အသက် ၂၁ နှစ်မှ ၄၅ နှစ်အတွင်း ဖြစ်ကြောင်း ဖမ်းဆီးခံရသော စာရင်းများအရ သိရသည်။
KIA ဖမ်းသွားတဲ့ လူစာရင်းကို တွေ့ရစဉ်
အဆိုပါ ဖမ်းဆီးခံရသူများသည် ရှမ်းတိုင်းရင်းသူ/သား အများဆုံးဖြစ်ကာ ကချင်တိုင်းရင်းသူ ၁ ဦးသာ ပါဝင်သည်။
ထို့နောက် အင်းတော်ကြီးဒေသ လက်ပံတန်းကျေးရွာမှ ဒေသခံအားလုံး(တစ်ရွာလုံး)ကိုလည်း ဖေဖော်ဝါရီ ၂၀ ရက်က စစ်သားစုဆောင်းရေးအတွက် KIA က ဖမ်းဆီးသွားသလို မိုးညှင်းမြို့နယ်၊ အင်းဖို/အင်းမရွာအနီးမှာလည်း အမျိုးသမီး ၂၀ ဦးကို ဖေဖော်ဝါရီ ၂၁ ရက်က KIA မှ ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
KIA ဖမ်းသွားတဲ့ လူစာရင်းကို တွေ့ရစဉ်
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ ပင်းခါးနှင့် ကြောင်လည် ကျေးရွာမှ ဒေသခံ ၇၀၀ နီးပါးကို လည်း KIA-PDF များက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်နှင့် ၃၀ ရက်တွင် ဖမ်းဆီးသွားခဲ့ရာ ယနေ့အချိန်ထိ ပြန်မ လွတ်လာသေးကြောင်း သိရသည်။
KIA- PDF သည် ဗန်းမောက်မြို့နှင့် ဗန်းမော်မြို့ သိမ်းပိုက်ရေး ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ထိခိုက်သေဆုံးမှုများ သည့်အတွက် စစ်အင်အား ဖြည့်တင်းရန်အတွက် စစ်သားများစုဆောင်းလျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။