CNI News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာစည်မြို့ယန်၊ မဟာအောင်မြေမြို့နယ်များအတွင်း ဖောက်ခွဲရေး နှင့် လုပ်ကြံသတ်ဖြတ်မှုများ ဆောင်ရွက်ခဲ့သော PDF အဖွဲ့ဝင် ၃၃ ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည် ဟု ယနေ့(ဒီဇင်ဘာ ၁ ရက်)တွင် နစက-က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် တရားခံ အောင်သူရကျော်(ခ)ဇီးကွက် အပါအဝင် ကျား ၂၈ ဦး၊ မ ၅ ဦး ပေါင်း ၃၃ ဦးအား လက်နက်မျိုးစုံ ၂၂ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ကျည်အိမ်မျိုးစုံ ၂၂ ခု၊ ကျည်မျိုးစုံ ၂၀၂၆ တောင့်၊ ၄၀ မမ ဗုံးသီး ၁၅ လုံး၊ လက်ပစ်ဗုံး ၂၁ လုံး၊ လက်လုပ်မိုင်း ၅ လုံး၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြ ထားသည်။
ဖမ်းဆီးရမိသူများမှာ နက္ခတ်(ခ)နိုင်နိုင်ထွန်း၊ သူရအောင်၊ အောင်ဖြိုး၊ ဖြိုးသုန်ထွန်း၊ မျိုးကို(ခ) မျိုးကျော်၊ သိန်းအောင်(ခ) သိန်းစိုး၊ အောင်သူရကျော်(ခ)ဇီးကွက်၊ကျော်စွာသက်၊ ဝေယံထွန်း၊ ကျော်မင်းသူ၊ စည်သူဖြိုး၊ ကိုထွေး(ခ) မင်းသက်ထွေး၊ လှိုင်ဦး၊ သီဟဇော်၊ ဇင်မင်းဌေး၊ သူရအောင်(ခ)ရှမ်းပုတ်၊ သန့်ဇင်ဝင်း၊ ရှင်းသန့်နိုင်၊ အောင်မျိုးဝင်း၊ ရှိုင်းအောင်၊ ဇင်ဝိုင်း(ခ) မျိုးချစ်၊ ထက်လင်းခိုင်(ခ)ဒီပ၊ ပိုးသဉ္ဇာကျော်၊ မိုးဝင်း၊ ချောစုစုဝေ၊ အိမြတ်နိုးဦး၊ ချစ်ဖူးငုံ၊ ဝင်းလှိုင်၊ အောင်ခန့်ဇော်၊ ဖြိုးဝေ၊ စိုင်းဇော်ဦး၊ ဝေသူအောင်၊ ဟီဟကို၊ ခင်အေးမော် စသည်တို့ဖြစ်ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။
ထိုဖမ်းဆီးခံရသူများသည် MPDF ၊ YDF၊ နောင်ရိုးအဖွဲ့ စသည့် အဖွဲ့အစည်းများမှ အဖွဲ့ဝင်များဖြစ်ကြပြီး ကချင်(KIA)၏ တပ်မဟာ (၆)နှင့် (၈)တို့တွင် သင်တန်းတက်ရောက်ခဲ့သူများ ဖြစ်ကြောင်း နစက-က ဆိုသည်။