CNI International News

မော်စကို၊ ဒီဇင်ဘာ ၁၈

ရုရှားနိုင်ငံ မော်စကိုမြို့တော်တွင် ဒီဇင်ဘာ ၁၆ ရက်က ယူကရိန်းစစ်ထောက်လှမ်းရေး (SBU) ၏ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ရုရှားဒုဗိုလ်ချုပ်ကြီးတစ်ဦး သေဆုံးခဲ့ကြောင်း ရုရှားအာဏာပိုင်များက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုလုပ်ကြံ သ-တ်ဖြတ်မှုတွင် ယူကရိန်းစစ်သားများက ဓာတုလက်နက်များ အသုံးပြုခဲ့ကြောင်း ရုရှားစုံစမ်း ထောက်လှမ်းရေးကော်မတီက ပြောကြားခဲ့သည်။

ရုရှား၏ နျူကလီးယား၊ ဓာတုနှင့်ဇီဝလက်နက် ကာကွယ်ရေးတပ်ဖွဲ့ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး အိုင်ဂေါ် ကီရီလော့ဗ် (Igor Kirillov) သည် မော်စကိုမြို့တော်ရှိ လူနေတိုက်ခန်း အပြင်ဘက်တွင် ၎င်း၏ လက်ထောက် တစ်ဦးနှင့်အတူ သေဆုံးခဲ့ခြင်းဖြစ်သည်။

၎င်းတို့အနီးရှိ လျှပ်စစ် စကူတာတွင် တပ်ဆင်ထားသည့် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းထောက်လှမ်းရေးကော်မတီက ပြောသည်။

ယူကရိန်းလုပ်ကြံတဲ့နေရာကို တွေ့ရစဉ်

ယူကရိန်း၏ SBU သတင်းရင်းမြစ် တစ်ခုကလည်း ထိုတိုက်ခိုက်မှု နောက်ကွယ်တွင် ၎င်းတို့ရှိခဲ့ကြောင်း ရိုက်တာသတင်းဌာနကို အတည်ပြုခဲ့သည်။

"ရုရှားပြည်ထောင်စုက နျူကလီးယား၊ ဇီဝနဲ့ဓာတုလက်နက် ကာကွယ်ရေးတပ်ဖွဲ့ အကြီးအကဲကို ချေမှုန်းမှုသည် SBU ၏ လုပ်ဆောင်ချက်ဖြစ်သည်" ဟု ထိုသတင်းရင်းမြစ်က ပြောကြားခဲ့သည်။

ကီရီလော့ဗ်နှင့် ၎င်း၏ လက်ထောက်သည် မော်စကိုမြို့တော်ရှိ Ryazansky Prospekt  လမ်းမပေါ်မှ နေအိမ် တစ်ခု၏ ဝင်ပေါက်အတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်နေချိန်တွင် ၎င်းတို့အနီးရှိ လျှပ်စစ်စကူတာတွင် တပ်ဆင် ထားသည့်ဗုံးက ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း SBU သတင်းရင်းမြစ်က ပြောသည်။

အသက် ၅၄ နှစ်အရွယ် ကီရီလော့ဗ်သည် ရုရှားနိုင်ငံအတွင်း ယူကရိန်းက လုပ်ကြံသတ်ဖြတ်ခဲ့သည့် ရာထူးအကြီး ဆုံး စစ်ဘက်အရာရှိ ဖြစ်လာခဲ့သည်။

အဆိုပါ သတ်ဖြတ်ခံခဲ့ရမှုကြောင့် ရုရှားအာဏာပိုင်များသည် စစ်တပ်ခေါင်းဆောင်များအတွက် လုံခြုံရေး လုပ်ထုံး လုပ်နည်းများကို ပြန်လည်သုံးသပ်နေပြီး လက်တုန့်ပြန်ရန် ပြင်ဆင်နေဖွယ်ရှိသည်။

ယူကရိန်းလုပ်ကြံတဲ့နေရာကို တွေ့ရစဉ်

ရုရှားလုံခြုံရေးကောင်စီ၏ ဒုဥက္ကဋ္ဌဖြစ်ပြီး သမ္မတဟောင်းဖြစ်သည့် ဒီမီထရီ မက်ဗီးဒက်ဗ် (Dmitry Medvedev) က မူ ကီရီလော့ဗ် သတ်ဖြတ်ခံရမှုအတွက် ယူကရိန်း၏ စစ်ဘက်နှင့် နိုင်ငံရေးခေါင်းဆောင်များသည် ကြီးမားသည့် လက်တုန့်ပြန်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းသည် ရုရှားစစ်သားများ၏ စိတ်ဓာတ်အင်အားကို ကျဆင်းစေရန်အတွက် ရုရှားမြေပေါ်တွင် ရုရှား၏ အထင်က ရပုဂ္ဂိုလ်များအား လုပ်ကြံသတ်ဖြတ်မှုများကို တာဝန်ခံထွက်ဆိုခဲ့သည်။

ယူကရိန်းအား ဆင်နွှဲနေသည့် ရုရှား၏ စစ်ပွဲသည် တည်ဆဲခြိမ်းခြောက်မှု တစ်ခုဖြစ်နေကြောင်း ယူကရိန်း အာဏာပိုင်များက ပြောကြားခဲ့ပြီး ယခုကဲ့သို့ ပစ်မှတ်ထား လုပ်ကြံမှုသည် တရားဝင်မှုရှိသော  လုပ်ဆောင်ချက် တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ