CNI News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှ မုံရွာသံမဏိ PDF အဖွဲ့ဝင် ၉ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမည်ခဲ့သည် ဟု နစက-က ယနေ့ (နိုဝင်ဘာ ၂၉ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၁၇ ရက်က မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်နေ ကျော်ဦး(ခ) ကျော်ကျော်ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၈ ရက်တွင် အောင်ကျော်ဇင်၊ ဝေဖြိုးကျော်(ခ) အသေးလေး၊ ဟိန်းထက်ဝင်း၊ ဝင်းကိုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့နောက် ဝေဖြိုးကျော်(ခ)အသေးလေး၏ ထွက်ဆိုချက်အရ မောင်တိုး(ခ)ရန်အောင်တိုးကို ဖမ်းဆီးရမိခဲ့သလို ရဲထက်ငြိမ်း ၊ ကောင်းမြတ်ဖေ၊ ဇင်မောင် တို့ ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြထားသည်။

ပုံ- မုံရွာသံမဏိ PDF အဖွဲ့၀င်များ ဖမ်းမိသည်ဟု နစက ထုတ်ပြန်

ထို့ကြောင့် ဖြစ်စဉ်တွင် တရားခံ ကျား ၉ ဦးအား ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်၊ AK 47 သေနတ် ၁ လက်၊ လက်လုပ် သေနတ် ၇ လက်၊ ကျည်အိမ ၂ ခု၊ ၇ ၆၂.ကျည် ၁၀၀ တောင့်၊ ၄၀ မမ ဗုံးသီး ၁၄ လုံး၊ လက်ပစ်ဗုံး ၆ လုံး၊ လက်လုပ်မိုင်း ၁၂ လုံး၊ မှန်ပြောင်း ၁ လက်၊ လက်လုပ်သေနတ်  ပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။