၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၃၀

ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် စွဲဆိုခံထားရသည့် အမှုနှင့် ပုဒ်မ ၅၀၅(ခ)တို့အတွက် ယနေ့( နိုဝင်ဘာ  ၃၀ ရက်)တွင် အပြီးသတ် အမိန့်ချမှတ်မည်ဟု သိရသော်လည်း အမိန့်မချဖြစ်ပဲ ဒီဇင်ဘာ ၆ ရက်နေ့သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်း ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားသည့် အမှုပေါင်း ၁၀ မှုရှိသည်။ ထိုအမှုများမှာ ဆက်သွယ်ရေးဥပဒေ ၁ မှု၊ ပို့ကုန်သွင်းကုန်ဥပဒေ ၁ မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅  ဖြင့် ၂ မှု၊ ပုဒ်မ ၅၀၅ (ခ) ၁ မှု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် ၄ မှု စုစုပေါင်း ၁၀ မှုဖြစ်ကြောင်း သိရသည်။

အဆိုပါ ၁၀ မှုထဲမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့် ပုဒ်မ ၅၀၅(ခ)တို့ဖြင့် စွဲဆိုထားသည့် အမှုများ ကို ယနေ့ အပြီးသတ် အမိန့်ချမည်ဟု မူလက စီစဉ်ထားသော်လည်း မည်သည့် အကြောင်းကြောင့် မသိရဘဲ ဒီဇင်ဘာ ၆ ရက် နေ့သို့ ပြန်လည် ချိန်းဆိုလိုက်သည်။