လန်ဒန်၊ နိုဝင်ဘာ ၃၀

တရုတ်နှင့်ရုရှားတို့သည် လာမည့် ၁၀ နှစ်အတွင်း ပထဝီဝင်နိုင်ငံရေး တော်လှန်မည့် နည်းလမ်းအဖြစ် ဉာဏ်ရည်တု နည်း ပညာ (AI) ကျွမ်းကျင်ပိုင်နိုင်စေရေးအတွက် အပြိုင် အဆိုင် ကြိုးစားနေကြကြောင်း ဗြိတိန်နိုင်ငံခြား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲက သတိပေးလိုက်သည်ဟု အယ်လ်ဂျာဇီးယား သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

MI-6 ဟု ခေါ်သည့် ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ကို ဦးစီးသူ ရစ်ချက်မိုးလ် (Richard Moore)က MI-6 အဖွဲ့ကို တာဝန်ယူ ပြီးနောက် နိုဝင်ဘာ ၃၀ ရက်တွင် အများပြည်သူ ရှေ့ မှောက်၌ မိန့်ခွန်းပြောကြားမည်ဟု သိရသည်။

သူ၏ မိန့်ခွန်းကို ဗြိတိန်အစိုးရက ကြိုတင်ထုတ်ပြန်ခဲ့ရာ ကောက်နုတ်အချို့မှာ - ကွမ်တမ်အင်ဂျင်နီယာပညာ၊ အင်ဂျင်နီယာ အသုံးချ ဇီဝဗေဒ၊ ဒေတာအစုအဝေး သိမ်းဆည်းမှုနှင့် ကွန်ပျူတာ စွမ်းရည် တိုးတက်နေမှုတို့သည် ဒီမိုကရက်တစ် အစွမ်း အပေါ် ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေသည့် ခြိမ်းခြောက်မှုတစ်ခုဟု ထည့်သွင်းပြောကြားထားသည်။

“ကျနော်တို့ရဲ့ ပြိုင်ဘက်တွေဟာ ဉာဏ်ရည်တု၊ ကွမ်တမ်တွက်ချက်နှင့် ပေါင်းစည်းဇီဝဗေဒပညာတို့အတွက် ငွေကြေး အလုံး အရင်းနဲ့ သူတို့အတွက် နည်းပညာတွေ ပိုကျွမ်းလာစေဖို့ လုပ်ဆောင်နေကြပါတယ်” ဟု ရစ်ချတ်မိုးက ပြောသည်။

ကမ္ဘာပေါ်ရှိ ထောက်လှမ်းရေး သူလျှိုများသည် နှစ်ပေါင်းထောင်နှင့်ချီ၍ သမရိုးကျလူသား ဦးဆောင်သည့် သူလျှိုလုပ်ငန်းကို စိန်ခေါ်လာသည့် နည်းပညာဆိုင်ရာ လှုပ်လှုပ်ခတ်ခတ် တိုးတက်မှုကို အမီလိုက်နိုင်အောင် ကြိုးပမ်းနေကြသည်။

သံတမန်ဟောင်းတစ်ဦးဖြစ်သူ မိုးလ်သည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှစ၍ MI-6 ၏ အကြီးအကဲ ဖြစ်လာခဲ့သည်။

ပုံ-တရုတ်/ရုရှား AI

လာမည့် ဆယ်စုနှစ်အတွင်း နည်းပညာတိုးတက်မှုသည် ပြီးခဲ့သည့် ၂၀ ရာစု နည်းပညာတိုးတက်မှု အားလုံးကို ကျော်လွန်သွား နိုင်ကြောင်း မိုးလ်က နိုင်ငံတကာနှင့်မဟာဗျူဟာ လေ့လာရေးဆိုင်ရာ ပညာရှင်အဖွဲ့၌ ပြောကြားသည့် မိန့်ခွန်းထဲတွင် သတိ ပေးခဲ့သည်။

“လူ့အဖွဲ့အစည်း တစ်ခုအနေနဲ့ ကျနော်တို့ဟာ နက်နဲတဲ့ အမှန်တရားနဲ့ ကမ္ဘာလုံးဆိုင်ရာ ပထဝီဝင်နိုင်ငံရေးအပေါ် အလား အလာ ရှိတဲ့ သက်ရောက်မှုတွေကို စုစည်းထားတာပါ။ ဒါပေမယ့် အခု အနေအထားတွေကတော့ MI-6 အတွက် အပူတပြင်း အာရုံ စိုက် ဖြစ်လာပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ကမ္ဘာ့လစ်ဘရယ် ဒီမိုကရေစီနိုင်ငံများတွင် ထောက်လှမ်းရေး သမားများအတွက် အထူးစိုးရိမ်ရသည့် အချက်မှာ အနောက် နိုင်ငံများထက် ဆန်းပြားသည့် နည်းပညာအစွမ်းကို အသုံးချရန် အလျင်စလို လုပ်ဆောင်ခဲ့သော ရုရှားနှင့်တရုတ်တို့၏ ထောက်လှမ်းရေး အေဂျင်စီများ ဖြစ်ကြသည်။

အထူးသဖြင့် ဉာဏ်ရည်တု (AI)၊ ဓါတုနှင့်ဇီဝ ပေါင်းစည်းမှုပညာရပ်၊ မျိုးရိုးဗီဇများ စသည်တို့အပေါ် ဆယ်စုနှစ်များအတွင်း ဘေဂျင်းက လွှမ်းမိုးသွားမည့်အရေးကို အနောက်အုပ်စု ထောက်လှမ်းရေးအဖွဲ့များက စိုးရိမ်မကင်း ဖြစ်နေကြသည်။

ပြီးခဲ့သည့် နှစ် ၄၀ အတွင်း တရုတ်၏ စီးပွားရေးနှင့် စစ်ရေး မြင့်တက်လာမှုသည် စစ်အေးတိုက်ပွဲ အဆုံးသတ်ခဲ့သော ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ပြိုလဲမှုနှင့်အတူ မျက် မှောက်ကာလ အထင်ရှားဆုံး ပထဝီဝင်နိုင်ငံရေး ဖြစ်ရပ်များထဲမှ တစ်ခုဟု ယူဆနေကြသည်။

ဂျွန်လဲကာရီ၏ ဂျော့စမိုင်းလေးမှသည် အီယန်ဖလိမ်းမင်း၏ ဂျိမ်းစ်ဘွန်းရုပ်ရှင်များအထိ လူကြိုက်များသော စိတ်ကူးယဉ် ထောက်လှမ်းရေး သမားတို့၏ အလုပ်ရှင်အဖြစ် စာရေး ဆရာများက ပုံဖော်ခဲ့သည့် MI-6 သည် နိုင်ငံအသီးသီးတွင် လှုပ်ရှား လည်ပတ်နေပြီး ဗြိတိန်နှင့် ၎င်း၏အကျိုးစီးပွားကို အကာအကွယ်ပေးရန် တာဝန်ယူထားသည်။

Source: Aljazeera